( Unicode + Zawgyi )
Unicode
Warning : ဤအပိုင်းတွင် အနည်းငယ်
ကြမ်းတမ်းသောစကားလုံးများ ၊ နိုင့်ထက်စီးနင်းဆန်သော အပြုအမူများ ပါဝင်ပါ၍ ဖတ်ရှုရန်အဆင်မပြေသူများ ကျော်သွားနိုင်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ် အလျဉ်းမရှိပါ။
.
.
.
." ယွီရွှမ်း ငါတို့တွေ လမ်းခွဲကြရအောင် "
လျန်ယွီရွှမ်းရဲ့ အမူအရာက တောင့်ခဲသွားတယ်။
" ကို ဘာဖြစ်နေတာလဲ ပြခန်းက ပြန်လာပြီးထဲက
တစ်မျိုးကြီးပဲ "" ဒီမှာ ငါတို့နှစ်ယောက်တည်းရှိတာပါ ဟန်ဆောင်ဖို့မလိုဘူး "
သူ(မ)က မျက်ခုံးတစ်ချက်ပင့်ရင်း ဝမ်ရိပေါ်ကို စူးစိုက်ကြည့်တယ်။
" ဟုတ်သားနော် ငါလည်း ဟန်ဆောင်ပါများလို့
အယောင်ပြကိုတောင် အစစ်လို့ ထင်နေပြီ "" အင်း "
" ငါတို့တွေ ဆက်တွဲတော့ရော ဘာဖြစ်မှာတုံး
အဖေက နင့်ကို တအားတွေ သဘောကျနေတာလေ "လျန်ယွီရွှမ်း အသံက ပျင်းရိပျင်းတွဲနဲ့ အလေးအနက်မရှိပါဘူး။
" မတွဲချင်တော့ဘူး ဒီလောက်ဆို လုံလောက်ပြီမဟုတ်ဘူးလား "
" အေးပါ ငါ့အဖေတော့ ဘယ်လောက်တောင် ဒေါကန်နေဦးမလဲမသိဘူး သူက သမက်အကောင်းစားလေး တစ်ယောက် တအားလိုချင်နေတာလေ "
ဝမ်ရိပေါ်က လျန်ယွီရွှမ်း ပေါက်ပန်းလေးဆယ်တွေ ထပ်မပြောလာခင် အမူအရာမဲ့စွာနဲ့ ဖြတ်မေးလာတယ်။
" လူတစ်ယောက်ကို ဘယ်လိုပြန်ယူရမလဲ "
" ဟယ်တော် လူက အဲ့လိုယူရတာမဟုတ်ဘူးလေ
ပစ္စည်းမှမဟုတ်တာ "" ငါပြန်လ်ိုချင်တယ် "
လျန်ယွီရွှမ်းက ဝမ်ရိပေါ်ရဲ့ ပိုင်စိုးပိုင်နင်းပုံစံကြောင့် အလွန်အမင်း အံ့အားသင့်သွားပုံရတယ်။ သမင်မျက်လုံးတွေက အတိုင်းအတာတစ်ခုထိ လုံးဝန်းနေပြီးတော့ နှုတ်ခမ်းကိုလည်း တော်တော်နဲ့ပြန်မစေ့နိုင်ဘူး။