( Unicode + Zawgyi )
Unicode
" သိချင်တာ သိပြီးရင် လွှတ်ပေးတော့ "
ရှောင်းကျန့်က ခရမ်းချဥ်သီးမှည့်လို နီရဲနေတဲ့ မျက်နှာလေးနဲ့ ရိပေါ်ရင်ဘတ်ကို ထပ်တွန်းပြန်တယ်။ ဒါပေမဲ့လို့ နည်းနည်းလေးမှတောင်ရွေ့မသွားတာကြောင့် သူ မကျေမနပ်ဖြစ်ပြီး ဝမ်ရိပေါ်ကို မကြည့်တော့ဘူး။
" ဟင့်အင်း မလွှတ်ပေးချင်ပါဘူး ၊ ငါ့ကိုကြည့်ဦး ရှောင်းကျန့် "
" မကြည့်ဘူး လွှတ်ပေး "
ဝမ်ရိပေါ်က အသံထွက်ရယ်တယ်။
သိမ်မွေ့တဲ့ယုန်ပေါက်က ဒီလိုခေါင်းမာတတ်တဲ့စရိုက်လေးကိုလည်းထုတ်ပြတတ်သေးတာပဲ။
" ငါမင်းကို ကိုက်သာစားပစ်လိုက်ချင်တယ် ရှောင်းကျန့်ရယ် "
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ဖက်ထားရာက လွှတ်ပေးတယ်။
ထွက်ပြေးခွင့်ပေးလိုက်တယ်လို့တော့ မထင်ပါနဲ့။ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ဆန်ကိတ်လေးတွေအတိုင်း အိစက်စက် ပါးလေးနှစ်ဖက်ကို လက်နဲ့ အုပ်ကိုင်လိုက်ရင်း ခပ်စူစူနှုတ်ခမ်းတွေကို အရှိန်ပြင်းပြင်းနဲ့ သိမ်းပိုက်တယ်။
ရှောင်းကျန့် ခန္ဓာကိုယ်က သိုလှောင်ခန်းတံခါးနဲ့ တစ်သားတည်းဖြစ်အောင် ဖိကပ်ခံထားရပြီး နှုတ်ဖျားကနေ ညည်းသံသဲ့သဲ့တို့ ထွက်လာတဲ့အထိ ဝမ်ရိပေါ်က လုံးဝအလွတ်မပေးခဲ့ဘူး။
မသိရင် သူ့တစ်ကိုယ်လုံးကို မျိုချချင်နေတဲ့ပုံနဲ့ အရူးအမူးကို နမ်းနေခဲ့တာ။
" ခ..ခဏ..အင်းး "
ဝမ်ရိပေါ်ရဲ့လက်တွေက ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ကူးလူးခေါက်ပြန်နေခဲ့တယ်။ ပူပြင်းလောင်မြိုက်နေတဲ့ လက်ဖဝါးတွေက ကျောင်းဝတ်စုံအောက်ကို တိုးဝင်ရင်း ကျောရိုးတစ်လျှောက်ကို ပွတ်သပ်လာတဲ့အခါမှာတော့ ရှောင်းကျန့်တစ်ယောက် ခြေထောက်တွေပါ ခွေချင်လာတယ်။
" ရိပေါ်.. "
ပင့်သက်ရှိုက်သံတွေကြားက ခေါ်သံဟာ သတိပေးခြင်းမည်ကြောင်း ဝမ်ရိပေါ်သိတယ်။ ဒီထက်ပိုပြီး ရှေ့မဆက်သင့်တော့တာမို့ ဝမ်ရိပေါ်က နောက်ပြန်ဆုတ်သွားတယ်။အနမ်းတွေစဲသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့နှုတ်ခမ်းတွေကြား ငွေမျှင်တန်းလေး ကျန်နေရစ်ခဲ့လေရဲ့။