Xiao Er

3.5K 283 15
                                    

(Unicode + Zawgyi )

Unicode

နူးညံ့နွေးထွေးလွန်းတဲ့ သဲမှုန်လေးတွေ ငါ့ကိုထွေးပွေ့ထားတာခံစားမိတယ်။

ခံစားမှုက သိပ်ကိုကောင်းလွန်းလို့ ငါမထချင်တဲ့အထိဘဲ။

ငါဒီလို အနားမယူရတာ သိပ်ကြာနေပြီလေ။ ကြာလွန်းလို့ ငါနောက်ဆုံး သက်သောင့်သက်သာနေခဲ့ရတဲ့ အချိန်ကိုတောင်မမှတ်မိတော့ဘူး။

ငါ့ နာမည်က ဝမ်ရိပေါ် 

ဘုရင်ရဲ့ ဝမ် မျိုးရိုးနဲ့မွေးဖွားလာတဲ့ ငါက မွေးကတည်းက ကောင်းမွန်ခြင်းနဲ့ ဆိုးရွားခြင်းကို ဒုန်တွဲတည်ရှိလာခဲ့တာ။

မင်းတွေးကြည့်လိုက်စမ်းပါ။

​မင်းဆယ်ကျော်သက်မရောက်ခင်အထိ အကောင်းဆုံးအစားအသောက်တွေနဲ့ အကောင်းဆုံးအဝတ်အထည်တွေကြား ရွှေပေါ်မြတင်မွေးမယ်။ အရှင်လတ်လတ် ကောင်းကင်ဘုံရောက်နေသလို ခံစားချက်မျိုးပေါ့

ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်းက ဖုန်ထဲသဲထဲတွန်းပို့ခံလိုက်ရပြီး လေးလံလွန်းတဲ့သံချပ်ကာကိုထမမ်း၊ မင်းအရပ်နီးပါးရှိတဲ့ ဓားရှည်ကို ကိုင်ရင်း အချိန်မရွေးအသက်ဆုံးရှုံးနိုင်တဲ့ စစ်သူကြီးအဖြစ် ပျိုးထောင်ခံလိုက်ရမယ်ဆိုရင်ရော?

မင်း ချက်ချင်းသေချင်သွားလိမ့်မယ်လို့ ငါခန့်မှန်းတယ်။

ထားလိုက်ပါတော့ ဒါကအရေးမှမကြီးတော့ပဲ။

စစ်သူကြီးတစ်ယောက်ရဲ့ ပင်ကိုအသိစိတ်က ဝမ်ရိပေါ်ကို သည်သဲပြင်ထဲ ကြာကြာမလှဲသင့်တော့ကြောင်း အသိပေးလာတာမို့ သူထရပ်လိုက်သည်။

ရန်သူ့နယ်မြေမဖြစ်ဖို့ ဆုတောင်းလျက်ပေါ့

သည်တစ်ခါရော ဘယ်သူ့နယ်မြေကို ရောက်လာမိပြီလဲ?

ချဲ့ယွိ့ နယ်မြေလား? အန်းလင်နယ်မြေလား?

ဘာပဲဖြစ်ဖြစ် အဲ့ဒီ့ရုပ်ဆိုးပန်းဆိုး ခေါင်းဆောင်နှစ်ယောက်နဲ့ သူ့ငယ်သားတွေကိုတော့ မတွေ့ချင်ပေါင်။

ဝမ်ရိပေါ်  ထရပ်လိုက်သည့်အချိန်တွင် မြင်ကွင်းများက ပိုမိုကျယ်ပြန့်သွားချေ၏။ နေဝင်ချိန်မို့ ပင်လယ်ပြင်ရဲ့အလှက ပတ္တမြားလေးများနှယ် အဖိုးထိုက်စွာလှပနေသည်။

BJYX Short StoriesWhere stories live. Discover now