1

5.1K 58 0
                                    

"သမီးရေ ေအာက်ခဏလောက်ဆင်းလာလှည့်ပါအုံးကွယ်"

"လာပြီမေမေ​ေရ လာပြီ လာပြီ"

ဟောကြည့် မနက်စောစောစီးစီး မမြင်ချင်တဲ့အဲ့မျက်ခွက် ကျက်သရေကိုမရှိဘူး စိတ်ပျက်စရာကောင်းလိုက်တာ။ ခုလဲ မချိုမချဥ်ရုပ်နဲ့လူကိုကြည့်နေသေး ထထိုးလိုက်ရ ဒီကောင်တော့နာအုံးမယ် အန်တီ့ရှေ့မှာမို့ နင်ကံကောင်းသွားတယ်မှတ်စမ်းပါ ရှိုင်းနက္ခတ်ရယ်...။

စိတ်ထဲမှာတော့ ရှေးတစ်ယောက်အကုသိုလ်ယူနေသည်။ တစ်နေ့က ရှေးတို့ကုမ္ပဏီရဲ့ ရှယ်ယာရှင် တစ်ဦးဖြစ်သည့် ဒေါ်ရူပါဝင်းက ရှေးတို့ကုမ္ပဏီထက် ရှိုင်းတို့ကုမ္ပဏီသို့ရှယ်ယာပိုထည့်လိုက်သောကြောင့်ဖြစ်သည်။ဧည့်ခန်းရှေ့တွင် ဒေါသထွက်နေသောမျက်နှာနှင့် မတ်တပ်ရပ်နေသောရှေးလင်္ကာ အား မိခင်ဖြစ်သူ ဒေါ်စန်းသီတာမှ

"ဟဲ့ သမီး ထိုင်လေ"

"ရှင်..အော်ဟုတ်ကဲ့"

​ရေှးလင်္ကာ ဝင်ထိုင်ပြီးနောက် မျက်နှာချင်းဆိုင်မှ ကိုယ်တော်ချော ရှိင်းနက္ခတ်မှ ဤကဲ့သိုစကားစပါလေ၏။

"ပြင်လဲဒီရုပ် မပြင်လဲဒီရုပ်ပဲဟာ ​ပြင်နေသေးရဲ့ အံဩစရာ နဂိုရှိမှနဂိုင်းထွက်တယ်တဲ့ မကြားဖူးဘူးထင်ပါရဲ့"

"ဟဲ့နင်ဘယ်သူ့ကိုပြောတာလဲ ယောက်ျားကြီးဖြစ်ပြီးစောင်းပြောနေသေးတယ် ပြောချင်ဒ့ဲပြောဟဲ့ ဒဲ့​ဲပြော"

"ငါဘာ့သာဘယ်သူ့ပြောပြော မဟုတ်ရင်မနာနဲ့လေ"

"အောင်မယ် သူကပဲပြောရတယ်ရှိသေး နင်သေတော့မှာပဲ"

"တော်ကြစမ်း လူကြီးတွေရှိနေတာနင်တို့သတိမထားမိကြဘူးလား ဟမ် နည်းနည်းပါးပါး အလိုက်ကန်းဆိုးလေးသိကြ ငယ်ကြတော့တာလဲမဟုတ်ပဲနဲ့"

ရှေးရဲ့အဖေ ဦးကျော်မြင့်မှ ထိုသို့ငေါက်မှသာငြိမ်ကျသွားတော့သည်။ နို့မို့ဆို သူတို့နှစ်ယောက်ကစကားများတာရပ်ကြတော့မှာမဟုတ်ဘူးလေ။ ဦးမာန်ရှိုင်းက ချောင်းတစ်ချက်ဟန့်လိုက်ပြီး....

"ဒီနေ့ပြောချင်တာက မင်းတို့နှစ်ယောက် လက်ထပ်ရမယ်"

"ဟမ်!!! ဘာရယ် ဘာရယ်"

"ဒယ်ဒီ ကျွန်တော်နားကြားများမှားသလားဟင်"

ဦးမာန်ရှိုင်းရဲ့တိုတိုတုတ်တုတ်နှင့်ပြီးသွားသောစကားတစ်ခွန်းကြောင့် ကြောင်စီစီဖြစ်သွားကြသူတို့မှာ ရှေးနှင့်ရှိုင်း။

"အေ ဘယ်သူမှလဲနားကြားမမှားဘူး ငါထပ်ပြောမယ် မင်းတို့နှစ်ယောက်လက်ထပ်ရမယ် နှစ်ဖက်မိဘတွေလဲသဘောတူပြီးကြပြီ အဲ့တော့မိဘမျက်နှာအိုးမဲ့သုတ်ဖို့မစဉ်းစားကြပါနဲ့"

"ဒယ်ဒီမရဘူးလေ ကျွန်တော်က အဲ့ဂြိုလ်ကောင်မကြီးကိုယူရမယ် မဖြစ်နိုင်တာဗျာ ဒီလက်ထပ်ပွဲကိုကျွန်တော်ကတော့ကန့်ကွက်တယ်"

"ဘာ!ငါ့ကိုဂြိုလ်ကောင်မတဲ့လား အမယ်လေးလေး နင့်ကိုလဲငါကယူချင်နေတယ်မှတ်နေလား ငမိုက်သားရဲ့ ဆောတီးပဲရမယ် ဒီလက်ထပ်ပွဲကို သမီးလဲကန့်ကွက်တယ်"

စားပွဲပေါ်ကိုချပေးလိုက်တဲ့ ဖိတ်စာရွှေဝါရောင်လေးနှစ်အိတ်
ရှုိင်းနက္ခတ်နဲ့ရှေးလင်္ကာ ပြိုင်တူယူကြည့်မိလိုက်သည်။ သတိုးသားနှင့်သတိုးသမီးအမည်တို့မှာ သူတို့၏နံမယ်များ!!!

"ခုမှကန့်ကွက်လို့လဲမရတော့ဘူး ဒယ်ဒီတို့တွေဖိတ်စာတွေအကုန်ဝေပေးပြီးပြီမလို့ပဲ နောက်ငါးရက်နေ့ရင်မင်းတို့တွေရဲ့ မင်္ဂလာပွဲပဲ ဆိုတော့ကာ မဟုတ်တရုတ်တွေလုပ်မယ်မစဉ်းစားနဲ့ လုပ်ရဲရင် လုပ်ကြည့်လိုက်ကြစမ်းပါ နှစ်ယောက်လုံးအမွေပြတ်ပဲ"

ဖြစ်ပျက်သွားတဲ့ကိစ္စရပ်ကြီးကဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့အတွက်ကြောင့်မို့ ဘာမှမပြောပဲ သူတို့ဘာသာစီစဥ်လိုက်တဲ့ဖေဖေနှင့်မေမေကို ေရှး စိတ်ဆိုးမိသည်။သားသမီးတွေရဲ့အဆုံးအဖြတ်ကလဲအရေးကြီးသည်ပဲမဟုတ်လား။အခုတော့...။တွေးရင်းတွေးရင်စိတ်ကနာမိပြန်သည်။မျက်ရည်များဟာလဲထိန်းချုပ်မရအောင်စီးကျနေသေးသည်။

"ရှေးလေ ဖေဖေနဲ့မေမေကို သိပ်စိတ်ဆိုးတယ်..သိပ်စိတ်ညစ်တာပဲ..."

"ဒယ်ဒီတို့မမိုက်ဘူးဗျာ"

ထိုသို့ပြော၍အိမ်ထဲမှထွက်သွားသူကတော့ ရှိုင်း...။ ကလေးငယ် တစ်ယောက်လို ငိုယိုပြီးအိမ်ပေါ်ပြန်တက်သွားသူကတော့ ရှေး.... ။လုပ်ချင်ရာတွေဇွတ်လုပ်ပြီးတော့ အကျေကြီးကျေနပ်နေသူတွေကတော့ သူတို့နှစ်ဦး၏မိဘတွေ... အနည်းဆုံးတော့ ကလေးတွေရဲ့ဆန္ဒကိုမေးသင့်တယ်ထင်ပါရဲ့လေ။ထိုသတင်းကခဏလေးအတောအတွင်းမှာ လူတိုင်း၏ပါးစပ်ဖျားထဲဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ရသည်။ နံမယ်ကြီးကုမ္ပဏီတွေ​ဖြစ်ကြတဲ့ "Might"ကုမ္ပဏီပိုင်ရှင်ရဲ့တစ်ဦးတည်းသောသား ရှုိင်းနက္ခတ်နဲ့ "Blight"ကုမ္ပဏီ၏တစ်ဦးတည်းသောသမီး ရှေးလင်္ကာ တို့၏လက်ထပ်ထိမ်းမြားပွဲ!!!

~~~~~~~

"Starts With Hate!"(အမုန်းနှင့်စသည်)Where stories live. Discover now