တီတီ..တီတီ..တီတီ..(ဖုန်းမြည်သံ)
ဟစောစောစီးစီး ဘယ်ကဖုန်းလဲ ဒါလူအိပ်ချိန်ကိုနားမလည်ဘူးလား စိတ်ပျက်လိုက်တာ တကယ်ပါပဲ ဒယ်ဒီစိတ်ဒုက္ခပေးတာကတစ်မျိုး စောက်အလုပ်ကိစ္စတွေကတစ်မျိုး မနက်မိုးမလင်းခင်ဝင်လာတဲ့ဖုန်းတွေကတစ်မျိုး စိတ်အနှောက်ယှက်ဖြစ်လိုက်တာကွာ။ငြီးငြီးငြူငြူ နဲ့ ရှိုင်းနက္ခတ်တစ်ယောက်ဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
"ဟယ်လို ရှိုင်း"
တစ်ဖက်ကအသံကြားတော့အိပ်ချင်နေသောမျက်လုံးတစ်စုံဟာအိပ်မရတော့ပေ။ထိုအသံကို လွန်စွာမှရင်းနှီးသည်လေ။ တစ်ဖက်မှ "ဟယ်လို" ဆိုသော်အသံကြားထဲက Contact ကိုမကြည့်ပဲ ဟို ပြိတ္တာမဆိုတာတန်းသိပါသည်။
"ဟယ်လိုလို့"
"အေ ပြောလေ ဘာတုံး နင့်ဟာကလဲရှေးရယ် စောစောစီးစီးလူအိပ်ချိန်ဟ ဘာပြောမို့လဲ မြန်မြန်ပြော"
"နင့်အမေကြီးတော်နာရီကိုတချက်ကြည့်အုံး ခုနှစ်နာရီခွဲနေပြီဟဲ့"
တဖက်မှကတ်ကတ်လန်အောင်ပြန်ရန်တွေ့သော ရှေး
ကြောင့် ပြုံးမိပါသည်။ထို့နောက်သူကစကားဆက်သည်။"ဒီနေ့နင်အားတယ်မလား မအားလဲမရဘူး လာခဲ့။ ငါတို့စားနေကျစားသောက်ဆိုင်ရော အေ အဲ့ဆိုင်လာခဲ့ပေး ငါအရေးကြီးပြောစရာရှိတယ် မလာလို့မရဘူးနော် ဒီနေ့တနင်္ဂနွေ ရုံးပိတ်တယ် ကာလနဂါးရဲ့ ကိုးနာရီနော် နောက်ကျရင်နင်အသေပဲ"
"မလာ...လာ..လာ...ဟယ်လို ဟယ်လို"
ပြောချင်တာပြောပြီး ဖုန်းချသွားသောရှေးလင်္ကာ ကြောင့် စိတ်အိုက်ရပြန်ပါသည်။ရုံးပိတ်ရက်မို့ကောင်းကောင်းလေးနှပ်မယ်စိတ်ကူးထားသော ရှိုင်းရဲ့စိတ်ကူးလေးတွေ ခုတော့ခုတော့ ရှိုင်းတစ်ယောက် နှဖူးပေါ်ကိုသာလက်တင်ပြီး သက်ပြင်းတချချ ဖြစ်နေပါတော့သည်။
"ဒီနေ့ဘာဝတ်ရမလဲ ဟူး....ရွေးရတာပင်ပန်းလိုက်တာ"
ရှေးလင်္ကာတို့အဝတ်စားရွေးနေချိန် ရှိုင်းနက္ခတ်ကတော့ရေချိုးလို့တောင်ပြီးလို့ အဝတ်စားတောင်လဲနေပါသည်။
အပေါ်ပိုင်းဗလာဖြစ်နေသော ရှိုင်း၏ခန္ဓာကိုယ်သည် အဆီပို မရှိ Muscles များဖြင့်သာ။ ခပ်ဖြောင့်ဖြောင့်ရုပ်ရည်နှင့် အရပ် 6 ပေ 1 လက်မရှည်သည် ကတစ်ကြောင်း၊ကျယ်ပြန့်လှသော ကျောပြင်ကျယ်ကြီး တစ်ကြောင်း၊ကြွက်သားအပြည့်နဲ့တောင့်တင်းလှတဲ့ ခန္ဓာကိုယ်ကြီးရယ် ပြုံးလိုက်လျှင်ချိုင့်ဝင်သွားသော ညာဘက်ပါးတစ်ဖက်က ပါးချိုင့်ရယ်။ဒီလိုဆိုမှတော့ ဘယ် ပျိုကညာက မပြိုပဲနေမတုံး။ သို့သော်ငြားလည်း ထိုပျိုကညာ များထဲတွင် ရှေးလင်္ကာ မပါခဲ့ချေ။
YOU ARE READING
"Starts With Hate!"(အမုန်းနှင့်စသည်)
Romanceစီးပွားရေးပြိုင်ဖက်လဲဖြစ် ငယ်သူငယ်ချင်းတွေလဲဖြစ်ပြီး မျက်နှာချင်းဆိုင်မိတိုင်းစကားများရန်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရှိုင်းနက္ခတ်နဲ့ရှေးလင်္ကာ။တစ်နေ့မှာတော့မိဘတွေအတင်းသဘောတူလို့ လက်ထပ်လိုက်ကြရာ သူတို့နှစ်ယောက်ကြား ဘာတေွဆက်ဖြစ်လာမလဲ? ခုမှစရေးဖူးတာဆိုတေ...