3

1.6K 39 0
                                    

"အားလားလား ကျွတ်ကျွတ် ဖြည်းဖြည်းလုပ်ပါ ပြိတ္တာမရယ်"

"နာလဲခံပေတော့ ဦးမာန်ရှိုင်းသားရယ် နင့်ကိုဘယ်သူကရန်ဖြစ် ခိုင်းလို့လဲဟမ် လုပ်ချင်ရာတွေလုပ်ပြီးမှ ခုဒီလောက်လေးဆေးသိပ်တာကိုမခံနိုင်တော့ဘူးလားလူရမ်းကားရဲ့"

ရှိုင်းမျက်နှာပေါ်က ဒဏ်ရာများကိုဆေးသိပ်ပေးရင်း ရှေးကပြောသည်။အဖြစ်သည်းပြနေသော ရှိုင်းနက္ခတ်၏အပြုအမူကြောင့် ဆေးလိမ်းပေးနေသူ ရှေးလင်္ကာ မှာ သိပ်စိတ်ရှည်တော့ပေ။

"နင်ငါ့ကိုတွေ့တာနဲ့ပွားဖို့ပဲစဥ်းစားနေတာလား ရှေးလင်္ကာ ရယ် စေတနာနဲ့လဲကူညီပေးရသေးတယ် အပြောကလဲခံရသေးတယ် နင့်ဟာကမဟုတ်သေးပါဘူးဟယ်"

"ချိန်းတဲ့နေရာကိုနင်သာစောစောရောက်လာရင်အဲ့လိုတွေဖြစ်မှာမဟုတ်ဘူး ဘယ့်နှယ် Might ကိုဆက်ခံမဲ့သူဌေးသားရယ် အချိန်ကိုမလေးစားရင်နင်တိုးတက်မှာမဟုတ်ဘူးသိရဲ့လား.....ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲ!"

"အော် ဒါကကျေးဇူးတင်တဲ့ပုံပေါ့"

ဖြန်း*

"အထိုးခံချင်နေတာလား"

ရှေးလင်္ကာ ထိုသို့ပြောလိုက်တော့မှသာ ရှိုင်းတစ်ယောက် ငြိမ်ကျသွားရပါသည်။ဆေးကလဲလိမ်း တော်ကီကလဲပွား စိတ်မရှည်ရင်ကျောကုန်းကိုတဖြန်းဖြန်းမြည်အောင်ရိုက်တက်ပါသေးသည်။ စိတ်ဆတ်ပြီး အမြဲ စွာစိလန်မို့ ရှိုင်းနက္ခတ်မှာ ငယ်စဉ်ထဲက ရှေးလင်္ကာ ကိုစနောက်ရသည်ကိုလွန်စွာမှသဘောကျသည်။ စနောက်တိုင်းလဲ ရှေး ဘက်ကပဲ လက်သီးတွေလက်ဝါးတွေ ကျွေးတာမို့ တစ်ချက်တစ်ချက်ဆိုနည်းနည်းတော့ရှိန် ရပါသည်။ကျွေးခံလိုက်ရတိုင်းလဲ တစ်သက်မမေ့သည်မို့ သည်မိန်းမ ဘယ်လောက်လက်သံပြောင်လဲ ရှိုင်းအသိဆုံးပင်။

"ငါဒီနေ့ချိန်းတာ မင်္ဂလာဆောင်ကိစ္စ တိုင်ပင်ချင်လို့"

"ငါအမွေတော့အဖြတ်မခံနိုင်ဘူးရှေး တောင်းပန်ပါတယ် နင်သာငြင်းရင်နင်အမွေဖြတ်ခံရမှာ နင်လက်ခံနိုင်လား"

ရှိုင်းရဲ့ပွင့်ပွင့်လင်းလင်းပြောစကားကြောင့် ရှေးသဘောကျမိသည်။ ဘာလို့အမွေဖြတ်ခံရမှာလဲ?ဒီကုမ္ပဏီက ရှေးအတွက်တော့ ဘဝရဲ့အရေးကြီးသည့်အစိတ်အပိုင်းထဲကတစ်ခု။ လက်မထပ်ရင် အမွေဖြတ်ခံရမည်ဆိုသည့်စကားကြောင့် နှစ်ယောက်စလုံးမလွန်ဆန်နိုင်ကြပေ။အခုလဲဒီကိစ္စကိုရှင်းရှင်းလင်းလင်းသိချင်သောကြောင့်ချိန်းလိုက်ခြင်းပင်ဖြစ်သည်။

"ကောင်းပြီ ဒီမင်္ဂလာပွဲကို ငါလက်ခံမယ် နင်ရော ငါရော ဘယ်သူမှအမွေဖြတ်မခံနိုင်တော့ လက်ခံယုံပဲရှိတေ့ာတာပေါ့"

"လက်ထပ်ပြီးရင် ဒယ်ဒီနဲ့ မာမီက နင်နဲ့ငါ့အတွက် အိမ်နဲ့ခြံလက်ဖွဲ့လိမ့်မယ် မာမီက ငါတို့မျိုးရိုးအလိုက် လက်ဆင့်ကမ်းခဲ့တဲ့ ရတနာ တစ်ဆင်စာကိုနင့်ကိုပေးလိမ့်မယ်"

ထိုအရာများအား ရှေး မမက်မောပါ။ ရှေးအတွက် ရတနာပစ္စည်းများဆိုလျှင် ရှေးမိဘများက အစုံလိုက်ဝယ်ဝယ်ပေးတက်သည်မို့ များပြားစွာရှိပါသည်။

"ရှိုင်း ငါတစ်ခုလောက်တောင်းဆိုချင်တယ်"

"အေ ပြောလေ"

"ငါတို့လက်ထပ်ပြီးရင် အခန်းခွဲအိပ်မယ် တကယ်လို့..အခန်း....."

"ဒီကိစ္စတွေအတွက်စိတ်မပူပါနဲ့ တစ်ဖက်သားရဲ့ဆန္ဒမပါပဲ ငါလက်ဖျားနဲ့တောင်ထိမှာမဟုတ်တာမို့ အဲ့ကိစ္စကိုတွေးပြီးပူနေစရာမလိုဘူး ရှေး"

ရှေးစကားပြောလို့မပြီးခင် ဝင်ဖြတ်ပြောလာသောရှိုင်း။ပါးနပ်စွာပြောတက်သောရှိုင်းစကားကြောင့် ပြုံးမိသည်။

"ကျေးဇူးတင်တယ်နော်.....ရှိုင်း"

ပါးလေးတွေမို့တက်လာသည်အထိ သွားဖွေးဖွေးညီညီလေးတွေပေါ်သည်အထိ ပြုံးပြလာသည့် ရှေးရဲ့အပြုံးကြောင့် ဘယ်ဘက်ရင်ဘတ်က ရုတ်တရက်ကြီးဆိုသလိုလှုပ်ရွလာသည်။

ရင်ခုန်သံတွေသူမကြားပါစေနဲ့.....။








"Starts With Hate!"(အမုန်းနှင့်စသည်)Where stories live. Discover now