ကျောပြင်ကအေးစက်စက်အရာကိုထိေတွ့မိသည်။ရှေးရဲ့လက်တို့ကကျွန်တော့်လက်ကောက်ဝတ်ကိုဆုတ်ကိုင်ရင်းနံရံကိုတွန်းပို့သည်။ဘာတွေဖြစ်နေသလဲနားမလည်နိုင်။ရှေးကောဟုတ်ရဲ့လား။ရုတ်တရက် နှုတ်ခမ်းဖျားမှနွေးတေးတေးလေးခံစားမိသည်။ရှေးနှုတ်ခမ်းက ကျွန်တော့်နှုတ်ခမ်းနှင့်ထိနေသည်တဲ့လေ.....နှလုံးဆိုသည့်အရာကခုန်လွန်းလို့ပေါက်ထွက်တော့မည့်အလား။
"ရှေး....မင်းတော်တော်မူးနေပြီ ဥပုဒ်စောင့်တဲ့ကျားဆိုတာမရှိဘူး ငါကိုယ်ငါထိန်းနိုင်ပေမဲ့ ငါ့ညီလေးကေတာ့ဘရိတ်မရှိဘူးကွအဲ့တာသိရဲ့လား အဲ့လောက်မူးနေရင်အိပ်တော့"
"ငါနင့်ကိုနမ်းလိုက်တာပဲဟီးး"
"ဟင်!!!"
"ခဏပဲ ဒီလိုလေးနေပေး ငါဖက်ထားချင်လို့..အစ်...နင်ကပြန်မဖက်ပဲဘာလုပ်နေတာလဲ?"
"Huh?"
"ဖက်ဆို"
"အော်အွန်း"
အမိန့်ဆန်ဆန်စကားရယ်ကြောင့်ကိုယ်တောင်မသိလိုက်ခင်လက်တို့ကသူ့ခါးသွယ်သွယ်လေးမှာနှောင်ဖွဲ့လို့နေနှင့်ပြီ။ရှေးနဲ့တော့ကြာရင်ရူးမယ်။မူးပြီးအခုလိုတွေလုပ်တာပထမဆုံးပဲမို့နေရခက်တာအမှန်ပင်....သိုပေမဲ့မသိစိတ်ကတော့သဘောကျမိသည်။ခုလဲဖက်ရင်းအိပ်ပျော်သွားသည်တဲ့လေ။ကိုယ့်ထက်လပိုင်းကြီးပေမဲ့ ကလေးတစ်ယောက်လိုပါပဲ။သူနဲ့လက်ထပ်လိုက်တယ်ဆိုတာခုထိအိပ်မက်တစ်ခု
လိုယောင်ဝါးဝါးဖြစ်နေဆဲ။............
"အား ကျွတ် ကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာ....ဘယ်သူ့အခန်းထဲရောက်နေတာပါလိမ့်......ဟမ်!!!!"
မနေ့ကအတွေးတွေခေါင်းထဲတစ်စီတစ်တန်းကြီးရောက်လာသည်။ခန္ဓာကိုယ်ကိုပြန်ကြည့်တော့မနေ့ကအဝတ်အစားမဟုတ်ပဲ တီရှုပ်အပွကြီးရယ် ဘောင်းဘီအတိုရယ်ဖြင့်သာ။မျက်လုံးကစားရင်းဘေးနားကြည့်မိတော့ မနေ့က Party မှာဝတ်ခဲ့တဲ့ အနီရောင် Dress!။
"Arrr!ချီး ေသသာသေလိုက်ချင်တော့တယ် မနေ့ညကဘာတွေဖြစ်ခဲ့တာလဲ ရှေးလင်္ကာ....ရှိုင်း ရှုိင်းကကောဘယ်မှာလဲ?"
YOU ARE READING
"Starts With Hate!"(အမုန်းနှင့်စသည်)
Romanceစီးပွားရေးပြိုင်ဖက်လဲဖြစ် ငယ်သူငယ်ချင်းတွေလဲဖြစ်ပြီး မျက်နှာချင်းဆိုင်မိတိုင်းစကားများရန်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရှိုင်းနက္ခတ်နဲ့ရှေးလင်္ကာ။တစ်နေ့မှာတော့မိဘတွေအတင်းသဘောတူလို့ လက်ထပ်လိုက်ကြရာ သူတို့နှစ်ယောက်ကြား ဘာတေွဆက်ဖြစ်လာမလဲ? ခုမှစရေးဖူးတာဆိုတေ...