"ဟယ် သတို့သားနဲ့သတို့သမီးကလိုက်ကြတယ်နော် နှစ်ယောက်လုံး အချောလေးတွေကြည့်ပဲ"
"သတို့သမီးက အရမ်းလှတာပဲ"ခန်းမထဲမှတီးတိုးပြောသံများ။
ဖေဖေနဲ့မေမေက ရှိုင်းဒယ်ဒီနဲ့ရှိုင်းမာမီကိုစကားပြောနေကြတယ်..။မသိကြတာလား မသိချင်ယောင်ဆောင်ကြတာလားဟင်!သမီးစိတ်အရမ်းကျဥ်းကြပ်တယ်။"ရှေး အဆင်ပြေရဲ့လား?နင်ချွေးတွေပြန်နေတယ်ကော ခဏသွားထိုင်ကြမလား"
"အွန်း"
"ရှိုင်းရယ် ငါစိတ်တအားကျဥ်းကြပ်တယ်""မိန်းကလေးတွေက ဒီလိုအချိန်မှာအဲလိုတွေကဖြစ်တက်ပါတယ် အစထဲက ဒီပိတ်သားကိုမဝယ်ပါနဲ့ပြောသားပဲ ပူတဲ့ဟာကို နင်ဟာလေ မာလိုက်တဲ့ခေါင်း လှကလဲလှချင်သေးဟူးး နင်နဲ့တော့ခက်တယ်"
သက်ပြင်းတို့ချရင်း တစ်ရှူးကမ်းပေးနေတဲ့လက်တစ်စုံ။
နှဖူးမှာစို့နေတဲ့ချွေးစက်တို့ကိုသုတ်နေသည့်ရှေးကို တစ်ချက်ကြည့်သည်နှင့်ပင် ဘယ်လောက်ပူနေမလဲသိနိုင်ပါသည်။အလွန်ပူသည့် ဖဲသားကို မင်္ဂလာဆောင်ဝတ်စုံအတွက်ချုပ်သည့်သူမ။သို့ပေမဲ့လည်း ထိုအဖြူရောင်သတို့သမီးဝတ်စုံနှင့်ထိုသူမသည် မြင်သူတိုင်း ရင်သပ်ရှုမောလှအောင် လှပလွန်းသည် ကျက်သရေရှိသည် နူးညံ့လွန်းသည် သိမ့်မွေ့သည် ချစ်စရာကောင်းလွန်းလှသည် အို..ကုန်ကုန်ပြောရရင်ဖြင့် မျက်တောင်မခတ်ချင်လောက်အောင်ကို ရှုချင်စဖွယ်ကောင်းလွန်းလှပါသည်။"ပန်ကာဖွင့်ခိုင်းလိုက်ရမလား?"
"ခေါင်းမူးမှာဆိုးလို့...မဖွင့်တော့ဘူး"
"နင်ဒီလိုဆိုမဖြစ်သေးပါဘူး ခဏစောင့်"
"ဟ ဒီယပ်တောင်တွေကဘာလုပ်မို့လဲ"
"နင်ပဲပူတယ်ဆို ပန်ကာဖွင့်ဆိုတော့လဲ မဖွင့်ပဲ အဲ့တော့ယပ်ခတ်နေပေါ့"
"ညောင်းတယ် ခတ်ပေး"
"ဒီထက်ချိုချိုသာသာလေးပြောပေးရင်စဥ်းစားပေးမယ်"
"မောင် ရှေးကို ယပ်ခတ်ပေး"
"ဘယ်လိုခေါ်လိုက်တယ် ရှေးနင်ငါ့ကိုဘယ်လိုခေါ်လိုက်တယ်"
YOU ARE READING
"Starts With Hate!"(အမုန်းနှင့်စသည်)
Romanceစီးပွားရေးပြိုင်ဖက်လဲဖြစ် ငယ်သူငယ်ချင်းတွေလဲဖြစ်ပြီး မျက်နှာချင်းဆိုင်မိတိုင်းစကားများရန်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရှိုင်းနက္ခတ်နဲ့ရှေးလင်္ကာ။တစ်နေ့မှာတော့မိဘတွေအတင်းသဘောတူလို့ လက်ထပ်လိုက်ကြရာ သူတို့နှစ်ယောက်ကြား ဘာတေွဆက်ဖြစ်လာမလဲ? ခုမှစရေးဖူးတာဆိုတေ...