7

1.6K 34 2
                                    

Honeymoon ခရီးအတွက် ရှိုင်း အဘိုး အမွေပေးခဲ့သော ပြင်ဦးလွင်မေမြို့က အပန်းဖြေအိမ်ကိုသာ သွားခဲ့ကြသည်။ထိုအိမ်ကိုလည်းမရောက်ဖြစ်တာ​ခြောက်နှစ်လောက် ရှိပြီ​ေလ။
မြို့နဲ့နည်းနည်းတော့ဝေးသည်။လူနေအိမ်နည်းပြီး ဆိတ်ငြိမ်နေရာ​လေးခြံကျယ်ကျယ်နှင့်အလွန်အေးချမ်းသောနေရာ။အခုဆိုဆောင်းတွင်းမို့ပိုလို့တောင်သာယာအေးချမ်းသည်။ခြံဝန်းထဲမှာတော့ ဦးညိုမောင်ရယ် မောင်ကောင်းစံ ဒေါ်တုတ် မမြရင် တို့လေးယောက်သာရှိသည်။

"ကိုညိုမောင်...ကိုညိုမောင်"

"ဘာတုံး မတုတ်ရဲ့"

"အပျင်းကြီးပြီးအိပ်မနေစမ်းနဲ့တော်ရယ် အိမ်ရှေ့မှာကားဟွန်းတီးသံကြားလို့တော့"

"ဟေ ဟုတ်သလားဟ....အေပြောမှ ဆရာ့သားနဲ့ချွေးမ လာမယ်ပြောတယ် ငါမေ့နေတာ..."

"မြန်မြန်သွားဖွင့်ပေးလှည့် တကယ်ပါပဲ နှေးတိနှေးတုတ်နဲ့"

"ေအးပါဟ သိတယ်သိတယ် ဟိုကောင် ကောင်းစံနဲ့မြရင် ကိုသြားခေါ်ထားအုံး ဒီမှာသူတို့အကိုလေးရောက်ပြီလို့"

ဆေးပေါ့လိပ်ကိုခဲ၍ဦးညိုမောင်တစ်​ယောက်ခြံရှေ့သိုသုတ်သုတ်ထွက်လာခဲ့လိုက်သည်။လာမယ်လို့သာပြောတယ် ဒီအချိန်​ကြီး ရောက်လာမယ်လို့မထင်မိပေ။

"လူလေးတို့က?"

"ကျွန်တော် နက္ခတ်လေဦးညိုရဲ့မမှတ်မိတော့ဘူးလား"

"ဦးညို တောင်းပန်ပါတယ်လူလေးရယ်မှောင်ကလဲမှောင် မတွေ့ရတာလဲကြာပြီဆိုတော့ သိပ်မမှတ်မိဘူးကွဲ့ သေချာအောင်မေးတာ အသက်ကလဲရပြီကို ဦးညိုကြာနေတာစိတ်မရှိပါနဲ့ နားကမကောင်းတော့ဘူးကွ အဘိုးကြီးဖြစ်ပြီကို ဟားဟားဟား လူ​လေးတို့အေးနေရောပေါ့ ဝင်ခဲ့ကွယ်"

ခြံတံခါးဖွင့်ရင်း ဦးညိုမောင်ကရီရင်းဆိုသည်။သို့မှသာ ​ကားပေါ်ခပ်သွက်သွက်တက်ပြီး ခြံထဲဝင်ဖို့ပြင်ရသည်။ရှေးကတော့ကားပေါ်ရောက်သည်နှင့် လက်ကိုအနွေးဓာတ်ရအောင်အာငွေ့ပေးနေသည်။နှာဖျားတွေလဲရဲနေပြီးတော်တော်အေးနေသည့်ပုံပင်။

"Starts With Hate!"(အမုန်းနှင့်စသည်)Where stories live. Discover now