14

1.7K 27 10
                                    

အစည်းအဝေးခန်းထဲလေးနာရီငါးနာရီ  နီးပါးလောက်ထိုင်နေရသည်မို့လူလည်းနွမ်းလျနေ​ြပီ။ နှစ်ဖက်ကုမ္ပဏီက ဝန်ထမ်းတော်တော်များများရယ် ရှယ်ယာရှင်တွေက ယခုProject ကိစ္စနဲ့ ပတ်သတ်လို့ တော်တော်လေးကိုစိုးရိမ်စိတ်တွေများနေကြတယ် ေသချာတာပေါ့ အဲ့ထဲမှာလဲ Might နဲ့ Blight ရဲ့ဆက်ခံသူတွေဖြစ်ကြတဲ့ ရှိုင်းနက္ခတ်နဲ့ရှေးလင်္ကာ ကတော့ စိတ်အဖိစီးဆုံး။အစည်းအဝေးအခန်းထဲမှာ နှစ်ယောက်လုံးရှိနေပေမဲ့တစ်ယောက်မျက်နှာတစ်ယောက်တောင်မကြည့်ဖြစ်..အာရုံတွေက Projector ပေါ်တွင်သာ။ ဒီလိုကြီးမနားပဲဆက်ပြီးဆွေးနွေးနေမယ်ဆို အလုပ်သင်လေးတွေရယ် ခုမှစဝင်တဲ့ကလေးတွေရယ်အတွက်အဆင်မပြေလှချေ။အချိန်မှာ ခုနှစ်နာရီခွဲ။ရှယ်ယာရှင်တွေကိုတော့ ပြန်ခိုင်းမှရတော့မည်။ဝန်ထမ်း​လေးတွေနဲ့အလုပ်သင်လေးတွေကိုကျပြန်ခိုင်း၍မရ။သူတို့လေ့လာစရာတွေကျန်နေသေးသည်။

"ကဲနာရီဝက် နားမယ်နော်"
"Hrr...အမလေးသေတော့မလားပဲဟေ့"
"နာရီဝက်ထဲနားမှာတဲ့ လူပါဟလူ စက်ရုပ်မဟုတ်ဘူး ပင်ပန်းတယ်ပင်ပန်းတယ်"

"ဟဲ့ဟိုမှာကြည့်ပါအုံး လင်မယားလို့ပြောရင် ယုံမဲ့လူမရှိမှာခပ်များများရယ် Laptop ပေါ်ကကို မျက်လုံးမခွာကြဘူး နှစ်ယောက်လုံး တကယ့်ပြိုင်ဘက်ကြီးတွေ"(တီးတိုးပြောသံများ)

"ဟဲ့နားချိန်လေးရတာ အေးဆေးနားကြပါလား ဟိုကကြားသွားမှဖြင့်"

"မမရွှေ..ဟဲဟဲ ပြန်တော့မတိုင်ဘူးမို့လားဟင်"

"မတိုင်စေချင်ရင်သွား ဒီနားလာမနေနဲ့ ဪအသစ်ဝင်လာတဲ့သီသီကော သူ့ကိုသေချာလေးဂရုစိုက်ပေးလိုက်ကြပါကွယ် ခုမှနယ်ကတက်လာတာဆိုတော့"

"ဟုတ်..ဟုတ်မမရွှေ..သွားလိုက်အုံးမယ်နော်"

"ကြွကြွ"

"မမရွှေ"

"ဪ သီသီစောနကပဲသီသီ့ကိုပြောနေတာ ဘယ်စာရင်းနားမလည်လို့လဲကလေး မမရွှေကိုပြောလေ"

"ဟုတ်ဘူး အကုန်နားလည်တယ်  သိပ်နားမလည်တာအဲ့တာ"

သီသီကလက်ညှိုးထိုး၍ပြောရှာသည်။လက်ညှိုးထိုး၍ညွှန်သည့်နေရာကမူ ရှိုင်းနဲ့ရှေးတို့ထိုင်​နေတဲ့ခုံရှိရာ။

You've reached the end of published parts.

⏰ Last updated: Jan 28 ⏰

Add this story to your Library to get notified about new parts!

"Starts With Hate!"(အမုန်းနှင့်စသည်)Where stories live. Discover now