ဖူဆယ်ကစားနေရင်း သူငယ်ချင်းဖြစ်သူ ကောင်းစက်ကဖုန်းလာတယ်ဆိုလို့ နားတဲ့ခုံတန်းလျားဆီအမြန်ပြေးသွားလိုက်သည်။ပွဲကကောင်းနေပါပြီဆို။
"ဟယ်....ဟယ်လို"
"အေ ဝက်ပြိတ္တာမ ပြော"
"ငါအိမ်မှာတစ်ယောက်ထဲကြောက်လို့ဟ...ဟင့်..ဟင့်"
"ဟ..နင့်မိဘတွေကော"
"ဘိုးအိမ်သွားလည်တယ်...ခုထိပြန်မရောက်သေးဘူး ညပဲခုနှစ်နာရီရှိတော့မဲ့ဟာ"
"နက္ခတ် မလာသေးဘူးလားဟ"
"အေအေလာမယ်ခဏကွာ""ရှိုင်း.."
"နေအုံးဟာ ငါဖူဆယ်ကစားနေတယ်ဒါပဲ"
ရှိုင်းကအရေးတောင်မလုပ်တော့ ပိုလို့တောင်ဝမ်းနည်းမိသည်။ဆယ်မိနစ်လောက်နေတော့ပြတင်းပေါက်ကနေတစ်ခုခုတက်လာတဲ့အသံကြောင့် ရှေးလင်္ကာအငိုတောင်ရပ်ပြီး လန့်တောင်လန့်သွားမိတယ်။ဘာလုပ်လို့လုပ်ရမယ်မသိတာနဲ့ရှိုင်းနက္ခတ်ကိုပဲဖုန်းထပ်ဆက်မိပြန်တယ်။
"ဟယ်လို လူရမ်းကား ကယ်ပါဦးဟ အီးဟီးဟီး....ငါ့အခန်းပြတင်းပေါက်ကိုတစ်ယောက်ယောက်က လာခေါက်နေတယ် ဟင့်...ဟင့်...ငါတခုခုဖြစ်လို့သေရင်နင့်လာခြောက်မှာ"
"အော်အရူးမရဲ့ငါဟ ပြတင်းပေါက်ဖွင့်"
"ဟင်.."
"မဟင်စမ်းနဲ့ ငါပြုတ်ကျတော့မယ် ဝက်ပြိတ္တာမရဲ့ မြန်မြန်"
အခန်းထဲရောက်ပြီး ရှေးကိုကြည့်တော့ငိုထားတာမျက်လုံးလေးတွေဆိုရဲနေတာပဲ တော်တော်ကိုငိုထားတဲ့ပုံ...နှာရည်တွေကလဲအချွဲသားနဲ့ ရှိုင်းမှာငိုရမလိုလိုရီရမလိုလိုနဲ့။ ရှေးလင်္ကာ ကသူ့လက်ထဲမှာကိုင်ထားတဲ့ ဝက်ဝံရုပ်ကြီးပစ်ချပြီး ရှိုင်းကိုပြေးဖက်ေတာ့ရင်တစ်ခုလုံးနှပ်တွေကောမျက်ရည်တွေကောနဲ့ပေကုန်ရော။
"အီးဟီးးဟီး...ဟီး...အဟင့်..ဟင့်"
"ဟဲ့နင်ရီနေတာလား"
"ဘောကိုရီရမှာလားငမိုက်သားရဲ့ကြောက်လို့ငိုနေတာ..ဟင့်..ဟင့်"
"နင်ငိုတာကလဲရီတာကျနေတာပဲဟားဟားဟား"
"နင်ကဘာလို့ပြတင်းပေါက်ကတက်လာရတာလဲ"
YOU ARE READING
"Starts With Hate!"(အမုန်းနှင့်စသည်)
Romanceစီးပွားရေးပြိုင်ဖက်လဲဖြစ် ငယ်သူငယ်ချင်းတွေလဲဖြစ်ပြီး မျက်နှာချင်းဆိုင်မိတိုင်းစကားများရန်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရှိုင်းနက္ခတ်နဲ့ရှေးလင်္ကာ။တစ်နေ့မှာတော့မိဘတွေအတင်းသဘောတူလို့ လက်ထပ်လိုက်ကြရာ သူတို့နှစ်ယောက်ကြား ဘာတေွဆက်ဖြစ်လာမလဲ? ခုမှစရေးဖူးတာဆိုတေ...