5

1.6K 34 0
                                    

"ရှေး..နင်နည်းနည်းသောက်စမ်းပါ နင့်အကြောင်းနင်မသိဘူးလားဟမ်"

"ဟာ......ဖယ်စမ်းပါရှိုင်းရယ်!နေရာတကာဆရာကြီးလိုက်လိုက်မလုပ်နဲ့ ခုပဲသူငယ်ချင်းတွေဆုံတုံးသောက်ရတာ"

သက်ပြင်းကိုပြင်းပြင်းချလိုက်ပြီး ပြောမရလဲလွှတ်ထားတော့မည်ဟုတွေးကာ ရှေးအနားမှထွက်လာလိုက်သည်။သူငယ်ချင်းတွေဆုံတုံးသောက်ကြရတာမှန်ပေမဲ့ ရှေးလင်္ကာ ဆိုသော ထိုမိန်းမမှာ မူးလာရင်ထိန်းမရအောင်ဆိုးလွန်းလှသည်။သူမူးရင်ပတ်ရမ်းသည်မို့နည်းနည်းတော့ရှိန်ရသည်။သူ့ဘာသာသောက်၊မူးရူးပြီးအော်ငိုကာ ညသန်းခေါင်ကြီးဖုန်းဆက်ခေါ်တိုင်း အိပ်ချင်မူးတူးကြီးထွက်လာခဲ့ရပေါင်းလဲများနေပြီဖြစ်သည်။တကယ်ကိုစိတ်အနှောက်ယှက်ဒုက္ခပေါင်းသောင်းခြောက်ထောင်ပေးတဲ့ ရှေးလင်္ကာ ပင်။

"ဟျောင့် နက္ခတ် မင်းကလဲ လာလေကွာ လူပျိုနောက်ဆုံးညလေးကို.."

"အေးလေသားကြီးရာ မင်းကလဲမိန်းမရတော့မှာဆိုတော့ မိန်းမအနားပဲကပ်နေတော့တာပဲ"

"မင်းတို့အဲ့ဂြိုလ်ကောင်မအကြောင်းမသိပါဘူးကွာ သူမူးရင်သိပ်စိတ်ပျက်ဖို့ကောင်းတာကွ!"

ရှိုင်းနက္ခတ်နှင့်အလယ်တန်းထဲကပေါင်းလာသည်မို့ ကောင်းစက်နှင့်မိုးစက်ဟိန်းမှာ ရှိုင်းအကြောင်းဆို စ လယ် အဆုံး အကုန်သိသည်။စိတ်ပျက်သည်ဟုပြောသော်ငြားလည်း စိတ်ပူနေသည့်ရုပ်က ထင်းနေသည်မို့ အသံထွက်ကာရီမိကြသည်။

"ဟားဟား!မင်းဟာကစိတ်ပျက်နေတဲ့ရုပ်မှမဟုတ်ပဲ နက္ခတ်ရ စိတ်ပူနေတဲ့ရုပ်"

"အေးလေ မင်းတခြားသူကိုသာ ညာလို့ရမယ် ငါနဲ့မိုးစက်ကိုတော့ညာလို့မရဘူးကွ အကြောင်းသိတွေကို"

ရှက်ရှက်နဲ့ရှန်ပိန်ခွက်သာကောက်ကိုင်မိတော့သည်။
ပြောမိတာမှားပါတယ်။အလယ်တန်းနဲ့အထက်တန်းတုံးကအကြောင်းတွေပြောလိုက်ရှန်ပိန်လေး​ေမာ့လိုက်နဲ့မို့ အရှိန်လေးကတက်လာပြီ။သောက်နိုင်လွန်းလှသည့်လူမဟုတ်သည့်အတွက်ကြောင့် ရီဝေဝေဖြစ်ပြီး အန်ချင်စိတ်ကထိန်းမရတော့ပေ။မိုးစက်ကရိပ်မိသည်နှင့်တပြိုင်နက် လူမြင်ကွင်းကြီးထဲ မအန်စေချင်သည့်အတွက်ကြောင့် အိမ်သာ ကိုသာ ခေါ်ခဲ့လိုက်ရသည်။

"Starts With Hate!"(အမုန်းနှင့်စသည်)Where stories live. Discover now