11

1.4K 28 6
                                    

လက်ကိုင်ပုဝါ အဖြူမှာလဲ သွေးတွေစွန်းထင်းလို့ အနီရောင်အတိပြောင်းနေပြီ။သွေးတွေစီးကျ​နေတဲ့ဗိုက်ကို လက်ကိုင်ပုဝါနှင့်အသာဖိလို့ ကားကတော့ သူငယ်ချင်းဖြစ်သူမိုးစက်ဟိန်း၏ဆေးခန်းကိုဦးတည်လျက်။

"နတ်...နက္ခတ်...သတိရပြီလား"

"သားကြီး ဟျောင့် အဆင်ပြေရဲ့လား"

"ဟမ်ဘာတွေဖြစ်နေတာလဲ"

"မင်းဆေးခန်းကို ဗိုက်ကသွေးတွေအများကြီးနဲ့ရောက်လာတာ ငါအရက်ပြန်နဲ့အနာကိုသုတ်ပေးနေတုံးမေ့သွားတာပဲ ခုမှနိုးတာ"

"ဟ..နေစမ်းပါအုံး ငါထိတာ ဗိုက်လေ ဘာလို့ ေမ့သွားတာလဲ"

"သွေးအားနည်းသွားလို့ ငနွားရေ"

"ဘယ်နှစ်နာရီထိုးပြီလဲအခု.."

"ခုနှစ်နာရီခွဲ"

"ဟာ..အာ့ဆိုပြန်မှာဖြစ်မယ်ရှေးစောင့်နေလောက်ပြီ ဗိုက်ဆာလောက်ရောပေါ့ ပြန်တော့မယ်"

"တအားမလှုပ်ရှားနဲ့ အနာနက်တယ်ကွဘယ်လိုဖြစ်တာလဲပြောခဲ့အုံးလေ"

"အေးပါကွသိပါတယ် ကျေးဇူးပဲကွာ မင်းတို့အကောင်းဆုံးပဲ ချစ်တယ်သားကြီးတို့ဟဲဟဲ ဖြစ်ပုံကတော့နောက်ကျတော့ပြောပြမယ်ကွာ ခုတော့ အလျင်လိုနေတယ် သွားပြီ သွားပြီ"

ကားကိုအရှိန်တင်းမောင်းရင်း ဗိုက်ကဒဏ်ရာက တဖြည်းဖြည်းနာလာတာမို့ လူကသိပ်မဟန်တော့ပေ။အိမ်ကိုတော့ အရောက်ပြန်ရမယ်...ရှေးကစောင့်ရင်စောင့်နေမှာ...သူဗိုက်လဲဆာနေလောက်တယ်...အိမ်မြန်မြန်ပြန်ရောက်ဖို့က အခုချိန်အရေးကြီးဆုံး။

အိမ်ပြန်ရောက်တော့ ရှေးကိုမတွေ့မိ။ချက်ပြုတ်ဖို့ရာ အဆင်ပြေသွားတာပေါ့...ဒီနေ့တော့ ခါတိုင်းထက်ပိုပြီးညစာကိုပိုပြီး များများစားစားပြင်ဆင်ထားတယ်...ရှေးကိုချော့ရအုံးမည်မဟုတ်လား..သူ့အကြိုက်တွေကိုရှယ်ပြင်ထားတာဆိုတော့...စိတ်ဆိုးတော့ပြေမှာပါလေ။စောင့်ရင်းစောင့်ရင်း ကိုးနာရီသာထိုးသွားတယ် ရှေးကတော့ပြန်မရောက်သေး။

"ဟာရှေးပြန်ရောက်ပြီလား...မောင်ဟင်းတွေပြန်နွှေးလိုက်တော့မယ်နော်...ခဏလေးပဲစောင့်"

"Starts With Hate!"(အမုန်းနှင့်စသည်)Where stories live. Discover now