10

1.5K 31 2
                                    

"မတွေ့ရတာကြာပြီနော် အရင်လို လှနေတုံးပဲ"

"ထိုင်ပါ ကိုချစ်ဦးသူ"

အပြုံးတစ်ချက်ဖြင့်နှုတ်ဆက်ရသော်လည်းရင်ဟာပူလောင်လွန်းည်...ဖြစ်နိုင်ရင်ထပ်မတွေ့ချင်မိပါ။ကိုယ့်နှလုံးသားနုနုဟာသူပေးခဲ့တဲ့ဒဏ်ရာတွေတောင် အပ်ကွဲလို့နေပြီ...ခုမှပြန်ကုသနေတုံးရှိသေးတယ်မဟုတ်လား။

"လက်ဘက်ရည်တောင်ဧည့်မခံတော့ဘူးလား ငယ်"

ငယ်'အော်....ဒီနာမ်စားလေး..သိပ်ကိုစွဲမက်ခဲ့တာပေါ့..သိပ်ပြီးတော့တမ်းတခဲ့တာ..။အရင်ကဆိုငယ်လို့ခေါ်လိုက်တိုင်း ကိုယ့်စိတ်ကိုပြန်ထိန်းရတာအမော...သိပ်သဘောကျခဲ့မိတာလေ။

ဘေးနားမှာရပ်နေတဲ့ ရှေးရဲ့အတွင်းရေးမှူးမလေးကိုရှေးက ပြုံးပြရင်းမျက်စတစ်ချက်ပြစ်ပြလိုက်သည်။ချက်ချင်း​ ရွှေကြယ်က ကသဘောပေါက်ဟန်ဖြင့် တံခါးပေါက်ကိုထွက်ဟန်လုပ်ချိန် နောက်ကဆွဲထားတဲ့လက်ဖဝါးနုနုရယ်ကြောင့် နောက်ကိုလည်ပြန်လှည့်ကြည့်မိပါသည်။

"ရွှေ...ရှေးက ခါးဆိမ့်နော် ဒီနေ့တော့ လုံးဝခါးသက်နေအောင်ကိုဖျော်ပေးပါ...ဒီဘက်ကဧည့်သည်အတွက်က ချိုဆိမ့်တစ်ခွက်"

"ဟုတ်ကဲ့မမ"

ရှေးရဲ့အတွင်းရေးမှုးမလေးထွက်သွားလေတော့ ထွက်သက်ကိုပြင်းပြင်းချရင်း ရှေ့ကိုလျောကျနေတဲ့ ဆံသားတို့ကိုနားရွက်နောက်သို့ပင့်တင်လိုက်သည်။အကြည့်များက ရွှေ ထွက်သွားရာတံခါးပေါက်ဆီ.. မျက်လုံးတို့က အရှေ့သို့မကြည့်သော်ငြားလည်း ဆဋ္ဌမအာရုံရယ်ကြောင့် တစ်စုံတစ်ယောက်ကစူးစိုက်စွာကြည့်နေမှန်းသိသည်။သက်ပြင်းတစ်ချက်ချရင်းမကြည့်ချင်တဲ့ထိုအကြည့်ကိုပြန်၍ရင်ဆိုင်ရပါတော့မည်။

"ငယ် မေ့ပြီထင်တာ"(လက်ဘက်ရည်ချိုဆိမ့်ကြိုက်တာကိုပြောတာပါ)

"ကျွန်မတို့ အလုပ်အကြောင်းဆက်ဆွေးနွှေးတာပေါ့...ပြီးတော့လေ ငယ် လို့မသုံးပါနဲ့လား မောင်ကကြိုက်မယ်မထင်ဘူး"

"မောင်...?"

"အော် ကျွန်မအမျိုးသားပါ ရှိုင်းနက္ခတ်"

"Starts With Hate!"(အမုန်းနှင့်စသည်)Where stories live. Discover now