"ချစ်ဦးသူ!!!!!! ဟုတ်လား"
"အမလေး...ဖြေးဖြေးအော်ပါ ရှိုင်းနက္ခတ်ရယ်ဒီမှာလိပ်ပြာတောင်လွင့်သွားပြီလားမှတ်ရတယ်ရှင်"
ချစ်ဦးသူဆိုတဲ့နံမယ်အတိုင်း ရှေးလင်္ကာ ရဲ့အချစ်ဦးဖြစ်ခဲ့ပြီး ရှေးသိပ်ချစ်ရတဲ့သူတစ်ဦး။သုံးနှစ်လောက်တွဲခဲ့ပြီး အိမ်ကမိဘသဘောမတူဘူးဆိုတဲ့ပြစ်ချက်နဲ့ ရှေးကိုအဆက်အသွယ်ဖြတ်ခဲ့ပြီး နိုင်ငံခြားထွက်သွားခဲ့တာ ခုတော့ဘယ်ကနေဘယ်လိုထွက်လာမှန်းတောင်မသိ။ရှေးမှာသူ့ကြောင့်ဘယ်လောက်တောင်ခံစားခဲ့ရလဲဆိုတာ ရှိုင်းအသိဆုံး။အဲ့နေ့ကဆို ဘားမှာလူမှန်းမသိအောင်သောက်ထားပြီး ဖုန်းဆက်ခေါ်တော့ ရှိုင်းက အပြေးအလွှားသွားလိုက်ရသေးတယ်။မူးနေတာတောင် "ကိုကို"ဆိုတဲ့နာမ်စားကတနေဆဲပဲ။
ဒီအခြေအနေအရပ်ရပ်ကို ရှိုင်းနက္ခတ်ပြန်မတွေးချင်....ပြန်လဲမတွေးသင့်ပါလေ......ကိုယ်ပဲနာကျင်ရတယ်မဟုတ်လား။
"မဟုတ်ဘူးဘာလို့သူလဲ ဘာလို့သူဖြစ်နေတာလဲ?"
"GOLDEN ပိုင်ရှင်ရဲ့အတွင်းရေးမှုးအနေနဲ့လာတာတဲ့ ရှေးတို့နဲ့ပေါင်းမယ်လို့ပြောတာပဲ...ဘာပဲဖြစ်ဖြစ်ကောင်းတာပဲမဟုတ်လား"
"အရင်ကထဲက GOLDEN နဲ့ အဆင်ပြေကြတာမှမဟုတ်ပဲ အခုမှသူတို့က ဘာစိတ်ကူးတွေပေါက်လို့ ပေါင်းမယ်ပြောရတာလဲ ယုတ္တိမရှိလိုက်တာကွာ မောင်ကတော့သဘောမတူဘူး သူန့ဲပတ်သတ်တာကိုသဘောမကျတာ ဘယ်အချိန်ထဲက GOLDEN အတွင်းရေးမှူးဖြစ်သွားတာတဲ့လဲ ဟမ် စဥ်းစားကြည့်စမ်းပါ GOLDEN နဲ့ BLIGHT က မင်းအဖေလက်ထပ်ထဲက တည့်ကြတယ်မှမဟုတ်တာ ဒီကိစ္စကတော့မဟုတ်သေးဘူးရှေး စဥ်းစားအုံး"
"အရင်ကမတည့်ပေမဲ့ရှေးလက်ထပ်မှာတော့ တည့်သွားနိုင်တာပဲမောင် ရှေးကအဲ့လောက် အ တဲ့ထဲမပါပါဘူး ပြီးတော့ သူနဲ့ပတ်သတ်ပြီးစိတ်ပူစရာမလိုဘူးမောင် ပြီးပြီးသားပဲ"
ကျောပေးပြီးပြောနေသည်ကြောင့် ဤမျက်ရည်စများကို ဆိုင်သူကတော့မြင်မည်မဟုတ်ပေ။တကယ်ဆို ချစ်ဦးသူ ဆိုတဲ့နံမယ်ကြားတာနဲ့ ရင်ထဲကနေ လှိုက်ခနဲနေအောင်နာကျင်ရသည်။ရှေးနဲ့ပတ်သတ်ရင်...မောင်ကပဲပျော့ညံ့နေတာပါ။
YOU ARE READING
"Starts With Hate!"(အမုန်းနှင့်စသည်)
Romanceစီးပွားရေးပြိုင်ဖက်လဲဖြစ် ငယ်သူငယ်ချင်းတွေလဲဖြစ်ပြီး မျက်နှာချင်းဆိုင်မိတိုင်းစကားများရန်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရှိုင်းနက္ခတ်နဲ့ရှေးလင်္ကာ။တစ်နေ့မှာတော့မိဘတွေအတင်းသဘောတူလို့ လက်ထပ်လိုက်ကြရာ သူတို့နှစ်ယောက်ကြား ဘာတေွဆက်ဖြစ်လာမလဲ? ခုမှစရေးဖူးတာဆိုတေ...