ပြင်ဦးလွင်မှာသုံးပတ်လောက်နေပြီးပြန်ခဲ့တယ်။ပြန်လာရတာစိတ်ထဲဟာတာတာကြီး အကုန်လုံးကငိုပြီးနှုတ်ဆက်တော့စိတ်မကောင်းဘူး။ရှိုင်းနဲ့ကအရင်ကထပ်ပိုပြီးအဆင်ပြေလာသလိုပဲ။ပြင်ဦးလွင်မှာတုံးက အလုပ်ကိစ္စတွေကိုလဲအများကြီးတိုင်ပင်ဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်ပိုပြီးနားလည်မှုရှိလာတယ်။
ပြင်ဦးလွင်မှာနေတုံးက ရှိုင်းစိတ်ဆိုးလို့ရှေးမှာချော့လိုက်ရတာအမော။နောက်တော့ ရှေးက "မောင်"လို့ခေါ်ပြီးပြန်ချော့တော့မှ စိတ်ဆိုးပြေသွားတယ်။အဲ့နေ့ကစပြီးနောက်ပိုင်းတွေရှိုင်းကို "မောင်"လို့စသုံးတယ်။အစပိုင်းတော့နည်းနည်းကျင့်သားမဖြစ်ပေမဲ့ နောက်ပိုင်းခေါ်ရင်းနဲ့အသားကျသွားတယ်။မောင်ကရှေးထက် ဆယ်လငယ်ပေမဲ့ ရှေးထက်ပိုရင့်ကျက်ပြီး လုပ်ငန်းပိုင်းမှာလဲပိုနားလည်တာများတယ်လေ။
"သားတို့ပြန်လာတာစောလိုက်တာအေးဆေးတစ်လလောက်နားလိုက်ရမှာ"
"မဟုတ်ဘူးဖေဖေ ဖေဖေ့သမီးပေါ့ အလုပ်တွေစိတ်မချဘူးဆိုလို့"
"ဘယ်လိုခေါ်လိုက်တယ် ရှိုင်း....... ဟေ့ကောင် မာန်ရှိုင်း ကြည့်စမ်းကြည့်စမ်း မင်းသားကငါ့ကို ဖေဖေတဲ့ကွ ဟားဟားဟား ဖေဖေတဲ့ ထပ်ခေါ်ပါဦးငါ့သားရာ"
"ဖေဖေ"
ရှုိင်းနက္ခတ်က စပ်ဖြဲဖြဲဖြင့်ဖေဖေဟုခေါ်သောပုံကိုဦးကျော်မြင့်က သဘောတော်တော်ကျနေဟန်တူသည်။ရီပြီးဘေးကသူ့ခမည်းခမက် ဦးမာန်ရှိုင်း ကျောကိုတဘုန်းဘုန်းရိုက်ပြီးပြောနေတော့သည်။ထိုသို့ဖြစ်တော့ ဦးမာန်ရှိုင်းကမကျေမနပ်ပုံစံဖြစ်နေတော့ ရှေးက ဦးမာန်ရှိုင်း လက်မောင်းကိုတွဲကာ
"အို..ဒယ်ဒီကလဲ ဆူပုတ်မနေပါနဲ့ ရှေးလဲရှိတာပဲကော ရှေးလဲဒယ်ဒီ့သမီးပဲလေ မဟုတ်ဘူးလားဟင်"
"ဒါပေါ့ ဒယ်ဒီ့ မင်းသမီးလေး....ဟျောင့် ဒီမှာ ရှေးငါ့ကိုဒယ်ဒီတဲ့ကွ ဟားဟား ဒယ်ဒီတဲ့"
ရှေးကထိုသို့ပြောလိုက်တော့ ဦးမာန်ရှိုင်းကလဲ ဦးကျော်မြင့်ကို အနိုင်ရသွားတဲ့အပြုံးကြီးနဲ့မေးငေ့ါပြတော့ ဘေးက အမေနှစ်ယောက်ကကြည့်ပြီးရီနေကြသည်။ကလေးတွေပြိုင်နေကျသလိုဖြစ်နေတော့ ရှိုင်းနဲ့ရှေးကလဲမနေနိုင်ပဲလိုက်ရီမိသည်။တကယ်ကိုချစ်ဖို့ကောင်းတဲ့မိသားစု။
YOU ARE READING
"Starts With Hate!"(အမုန်းနှင့်စသည်)
Romanceစီးပွားရေးပြိုင်ဖက်လဲဖြစ် ငယ်သူငယ်ချင်းတွေလဲဖြစ်ပြီး မျက်နှာချင်းဆိုင်မိတိုင်းစကားများရန်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရှိုင်းနက္ခတ်နဲ့ရှေးလင်္ကာ။တစ်နေ့မှာတော့မိဘတွေအတင်းသဘောတူလို့ လက်ထပ်လိုက်ကြရာ သူတို့နှစ်ယောက်ကြား ဘာတေွဆက်ဖြစ်လာမလဲ? ခုမှစရေးဖူးတာဆိုတေ...