"ရှေး ထပါတော့လား မောင်မနက်စာလုပ်ထားလိုက်မယ်လေ"
"ဘယ်နှနာရီရှိပြီလဲဟင်"
"ခုနှစ်နာရီခွဲပြီ မောင့်အချစ်ရဲ့"
ဘုရားရေ..မောင့်အချစ်တဲ့လား။ရဲတက်လာတဲ့ပါးမို့မို့ဟာ ရှေးမျက်နှာကိုလွှမ်းမိုးထားသည်။အိပ်ချင်မူးတူးဖြစ်နေပေမဲ့ သုံးလိုက်တဲ့နာမ်စားရယ်ကြောင့် မျက်တောင်တို့မှာပြန်တောင်မချချင်တော့ပါ။
"မောင်...မောင်နေနော် ဒီနေ့ရှေး Breakfast ပြင်မယ်"
"အွန်းကောင်းသားပဲမောင်လျှော်ရမဲ့အဝတ်တွေစက်ထဲ ထည့်လိုက်မယ် ညအိပ်ဝတ်စုံတွေရော ရှေးအဝတ်တွေပေးလေ"
"ဟင်"
"အဝတ်ပေးလို့ တခါထဲလျှော်ထားမလို့ မြန်မာနိုင်ငံကမီးကိုသိတယ်မို့လား စိတ်ကသိပ်မှန်ကြတာမဟုတ်တော့..ဆိုတော့ချွတ်"
"ဟော..ဘယ့်နှယ်ကြောင့်အတင်းချွတ်ခိုင်းနေရတာတုံး...ခဏ ရေချိုးခန်းထဲမှာသွားလဲလိုက်မယ်"
နောက်ကနေလှမ်းဆွဲလိုက်တဲ့ ရှိုင်းရဲ့လက်ကြောင့် နားမလည်သလိုကြည့်မိပြန်တော့ရှိုင်းနက္ခတ်ဆိုသော ယောက်ျားက..
ိ"ေမာင့်ရှေ့မှာချွတ်စေချင်လို့ ချွတ်ခိုင်းတာလေ ဆိုတော့ မောင့်ရှေ့မှာချွတ်"
"ကိုရှိုင်းနက္ခတ်ရေ ကျွန်မကမိန်းမသားကြီးပါနော်"
"ကိုရှိုင်းနက္ခတ်ကလဲ ယောက်ျားသားကြီးပါနော်"
"မောင်...ဘယ်လိုဖြစ်နေတုံး လွှတ်"
"ရှေးမချွတ်ရင်မောင်ဆွဲချွတ်ပစ်မယ်"
"နေ...နေ..ချွတ်မယ် ချွတ်မယ် ခုချွတ်မယ်...နှာဘူးကောင်ကြီး"
"ေမာင်ချွတ်ကူရမလားအချစ်"
"ပါးဘယ်နှစ်စိတ်လောက်ကွဲချင်လဲ လင်တော်မောင်"
".........."
"ရော့အင်္ကျီ..."
"ေဘာင်းဘီကောပေးလေ"
"ဘုန်းနိမ့်မှာဆိုးလို့"
"ေပး..ရတယ်ရတယ် မနိမ့်ဘူး"
"အင့်ဘောင်းဘီ"
YOU ARE READING
"Starts With Hate!"(အမုန်းနှင့်စသည်)
Romanceစီးပွားရေးပြိုင်ဖက်လဲဖြစ် ငယ်သူငယ်ချင်းတွေလဲဖြစ်ပြီး မျက်နှာချင်းဆိုင်မိတိုင်းစကားများရန်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရှိုင်းနက္ခတ်နဲ့ရှေးလင်္ကာ။တစ်နေ့မှာတော့မိဘတွေအတင်းသဘောတူလို့ လက်ထပ်လိုက်ကြရာ သူတို့နှစ်ယောက်ကြား ဘာတေွဆက်ဖြစ်လာမလဲ? ခုမှစရေးဖူးတာဆိုတေ...