မ၏မူပိုင်ခင်ပွန်း {part1} U/Z

8.8K 131 14
                                    

"မ"၏မူပိုင်ခင်ပွန်း {Unicode}

#အခန်း၁#

"မင်းသူ့ကိုသတ်ရမယ်"

စားပွဲပေါ်ခြေတင်ပြီးထိုင်နေရာမှ မျက်စိရှေ့ရောက်လာသော ဓာတ်ပုံလေးတစ်ပုံကို လျှပ်တစ်ပြက်သာလှမ်းကြည့်လိုက်၏။

နှုတ်ခမ်းထူထူထပ် ဖွာရှိုက်နေသော ဆေးလိပ်ကိုဆက်ဖွာရှိုက်နေရင်း ထူထဲသောမျက်ခုံးတို့ကိုပင့်လိုက်ရင်း ဓာတ်ပုံလာပေးသော သူကိုတစ်ချက်ကြည့်လိုက်၏

"ကြေးက"

"မင်းစိတ်ကြိုက်ရစေရမယ်"

နှုတ်ခမ်းမှဆေးလိပ်ကိုဖယ်လိုက်ရင်း သဘောတကျပြုံးလိုက်၏ ထိုအပြုံးသည် အဓိပ္ပာယ်များစွာပါဝင်နေသည်လား!!

"မင်းတစ်ယောက်ထဲဖြစ်ရဲ့လား သူကနည်းနည်းကြမ်းတယ်နော်"

"အဟွန်း သူဘယ်လောက်ထိကြမ်းနိုင်မှာမို့လဲ"

"ဒီကိစ္စအတွက်အချိန်ဘယ်လောက်ယူမလဲ"

"3ရက်"

"3ရက်ထဲနဲ့ဖြစ်ပါ့မလား"

"ခင်ဗျားကျုပ်အကြောင်းမကြားဖူးဘူးလား တစ်ကယ်ဆို ခင်ဗျားကိစ္စက2ရက်ထဲနဲ့ပြီးတယ် ကျုပ်မနက်ဖြန်လုပ်စရာတစ်ခုရှိလို့"

"ဟုတ်ပြီလေ...ရော့ဒါကစရံ ပြီးရင်မင်းလိုသလောက်ထပ်ပေးမယ်!!"

သမိုင်း ဆေးလိပ်ကိုမီးပြန်ညှိ့လိုက်ရင်း မျက်လုံးတို့ကိုမှိတ်လိုက်၏ ထိုအခါ အလုပ်အပ်သောထိုလူက အလိုက်တသိ အိမ်ထဲမှထွက်သွားလေသည်။

"မနက်ဖြန်အတွက် ဝတ်စုံရပါပြီ သခင်"

"အင်း အခန်းထဲထည့်ထားလိုက်"

"ဟုတ်ကဲ့သခင်"

>>>>>

"လှနေလိုက်တာနွယ်ရုံရယ် နတ်သမီးလေးကျနေရောပဲ"

"မြှောက်နေပြန်ပါပြီ သဇင်ရယ်"

"ဟဲ့ ငါကမြှောက်တာမဟုတ်ဘူး အတည်ပြောတာ"

"အေးပါဟယ် ဒါနဲ့လေ သူကောဟင်"

"ခန်းမထဲမှာရောက်နေပါပြီရှင် လာ မကြာခင်မင်္ဂလာပွဲစတော့မယ်"

"မ"၏မူပိုင်ခင်ပွန်းWhere stories live. Discover now