"မ"၏မူပိုင်ခင်ပွန်း{Unicode}
#အခန်း၁၁#
ရင်ဘက်ထဲမှ နှလုံးသားတစ်ခုလုံးနာကျင်သွားရကာ တစ်ချိန်တည်းမှာပင် မိုင်းဟာ သူ့ကိုမချစ်တော့တာသေချာသွားပြီဆို သိလိုက်ရသည်။သူတို့နှစ်ယောက်ကို ကျောခိုင်းထားရင်းပင်နွယ်ရုံရဲ့ ရုံးခန်းထဲမှ သူမရုံးခန်းဘက်ဆီသို့ လေးပင်သောခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။မျက်ရည်များဖြင့် အမြင်များဟာဝေဝါးနေကာ ခြေလှမ်းများပင်မမှန်ချင်ပေ။
"ဟင်!!..."
တင်းကျပ်စွာဖက်ခံလိုက်ရရင်း အဆင်ပြေလားဟုပါ အမေးခံလိုက်ရသောကြောင့် ရုံအူကြောင်ကြောင်ဖြစ်သွားရ၏တစ်ကယ်ဆို ဒီမေးခွန်းက ဒေါက်တာမယ်ရီ့ကိုမေးရမှာမဟုတ်လား။သမိုင်းကမ္ဘာ လူမှားနေတာလား။
"အင့်...ဘာလာပြီးအရူးထနေတာလဲသမိုင်းကမ္ဘာ အဲ့မေးခွန်းက ဒေါက်တာမယ်ရီ့ကို မေးရမှာလေ ဖယ်ပါ"
"သူ့ကိုခုဏ မ ကူညီလိုက်လို့အဆင်ပြေသွားပြီမဟုတ်လား မောင် က မ ကိုစိတ်ပူတာ"
"စိတ်ပူစရာဘာအကြောင်းရှိလို့လဲ"
"အကြောင်းရှိလို့ စိတ်ပူတာပေါ့ မရယ်"
သမိုင်း သက်ပြင်းကိုချလိုက်ရင်းဆိုသည်။ခုဏ သူအဝေးကနေလှမ်းမြင်လိုက်သည်မှာ ဟိုလူက မ ကို အချိန်အကြာကြီးစိုက်ကြည့်နေသည်။ပြီးတော့လဲ တဏှာမျက်လုံးများဖြင့် အဲ့အကြည့်တွေက ဘာအဓိပ္ပာယ်လဲဆိုတာ သမိုင်းကောင်းကောင်းသိသည်။
လွန်ခဲ့တဲ့၈နှစ်ကလဲ အဲ့ဒီအကြည့်တွေကနေ စတင်ခဲ့တဲ့ မုဒိန်းမှု့...ထို့ကြောင့် နောက်ထပ်မဖြစ်အောင် သူအပြေးလာရင်း ဆွဲထိုးလိုက်ခြင်းသာ။တိုက်တိုက်ဆိုင်ဆိုင် ထိုနေရာမှာ မဆူးခက်ပါရှိနေသည်မို့ သူစိတ်ပူတဲ့သူက မ ဆိုတာမသိပဲဖြစ်သွားရသည်သာ။
"သမိုင်းကမ္ဘာ...မင်းနဲ့ငါနဲ့ကွာရှင်းကျရင်ကောင်းမလား"
ရုတ်တရက်ပြောလာသော စကားကြောင့် သူ အနည်းငယ်လန့်သွားရသည်။
"ဘာ...အဲ့စကားကို ဘာလို့ပြောရတာလဲ မ"
"မင်းတစ်ကယ်ပဲငါ့ကိုသူနဲ့တူလို့ချစ်ခဲ့တာလား"
YOU ARE READING
"မ"၏မူပိုင်ခင်ပွန်း
Romance"မ" မသိဘူးလား ကျုပ်က မရဲ့ မူပိုင်ခင်ပွန်းလေ "မ" ကိုကျုပ်ပိုင်သလို ကျုပ်ကိုလဲ" မ" ပိုင်တယ်