မ၏မူပိုင်ခင်ပွန်း{Final Part} U/Z

8.2K 129 7
                                    

"မ"၏မူပိုင်ခင်ပွန်း{Unicode}

#ဇာတ်သိမ်းပိုင်း#

"အကိုကြီး...မဆူးခက်ကိုရှာတွေ့ပါပြီ ဟိဏ်းသုခကိုတော့ အလောင်းပဲတွေ့တယ်"

"ဘယ်လို"

"မဆူးခက်ကိုအခုဂိုထောင်ထဲမှာထားထားတယ် သူ့ပုံစံကမူမမှန်ဘူးအကိုကြီး အရူးတစ်ယောက်နဲ့တူနေတယ်"

လာပြောသောတပည့်ဖြစ်သူကိုခေါင်းငြိမ့်ပြရင်း ဟန်သာ ဂိုထောင်ဘက်သို့ထွက်လာခဲ့လိုက်သည်။

"ငါက မိုင်းကိုချစ်တာ..မိုင်းကိုချစ်လို့ ငါဒီလိုတွေလုပ်နေရတာ ဒါပေမယ့် မိုင်းကငါ့ကိုမချစ်ဘူး အီးဟီးဟီး"

ဆံပင်များကဖွာလန်ကြဲနေကာ မျက်ရည်များစီးကျရင်း အော်ဟစ်ငိုယိုနေပြီး ထိုစကားကိုသာအထပ်ထပ်ပြောနေသည်။

"ဆူးခက်"

ဟန်သာခေါ်လိုက်တော့ မျက်ရည်များကြားမှမော့ကြည့်လာ၏

"မိုင်း...မိုင်းကောဟင်...မိုင်းကငါ့ကိုမချစ်ဘူး အီးဟီး"

"ငထက်...သမိုင်းကိုသွားခေါ်ခဲ့ ဘာဆက်လုပ်ရမလဲငါလဲမသိတော့ဘူး"

"ဟုတ်ကဲ့အကိုကြီး..."

အိမ်ထဲမှာရှိနေသော သမိုင်းကိုအကျိုးအကြောင်းပြောကာ ဂိုထောင်ဆီခေါ်လာခဲ့၏

"သမိုင်း....ငါသူ့ကိုဘာလုပ်လိုက်ရမလဲ"

"လူမသတ်တော့ဘူးလို့ မ ကိုကတိပေးထားတယ် အကိုကြီးလဲကတိပေးထားတယ်မဟုတ်လား ဒါဆို သူ့ကိုသက်ဆိုင်ရာပဲအပ်လိုက်ပါတော့ သူ့အပြစ်တွေ သူ့ဘာသာပြန်ပေးဆပ်လိမ့်မယ် ဟိဏ်းသုခကိုတော့ အသက်ရှင်နေသေးရင်ကျွန်တော်သတ်ပစ်မိမှာ ..."

"အင်းပါကွာ ငထက် သူ့ကိုသက်ဆိုင်ရာကိုပို့လိုက်"

"ဟုတ်အကိုကြီး..."

>>>>>

"သမိုင်းရဲ့ဆေးမှတ်တမ်းကိုဘာလို့ကြည့်ခွင့်မပေးတာလဲကိုသဝဏ် ရုံကြည့်ရမှဖြစ်မယ်"

"နွယ်ရုံနာကျင်ရမှာစိုးလို့မပြချင်တာပါ ဒါကြောင့်မကြည့်ပါနဲ့"

"ကိုသဝဏ်တစ်ခုခုကိုဖုံးကွယ်ထားတယ်ဆိုတာ ရုံသိတယ် ဘာကိုမသိစေချင်လို့အခုလိုမျိုး အတင်းပိတ်ပင်နေရတာလဲ"

"မ"၏မူပိုင်ခင်ပွန်းWhere stories live. Discover now