မ၏မူပိုင်ခင်ပွန်း{part8} U/Z

2.7K 66 2
                                    

"မ"၏မူပိုင်ခင်ပွန်း{Unicode}

#အခန်း၈#

သွေးများတစ်ကိုယ်လုံးပေကျံကာ သတိမရှိတဲ့အခြေနေနဲ့ရောက်လာတဲ့လူနာက သမိုင်းကမ္ဘာဖြစ်နေသောကြောင့် အံ့သြခြင်းနဲ့အတူ စိုးထိပ်သွားရသည်။

"သူ ချုပ်ရိုးကပြန်ပြေသွားတယ် သွေးထွက်လွန်နေတာမို့ အချိန်နောက်ကျလို့မဖြစ်ဘူး ခွဲခန်းကိုရွှေ့ရအောင်"

ရုံ ပြောလိုက်ရင်း တွန်းလှည်းကိုတွန်းရန်ပြင်လိုက်၏

"တို့ သူ့ကိုခွဲစိတ်မယ်"

တွန်းလှည်းလက်ကိုင်ကိုကိုင်ထားသော ရုံ့လက်များကို ဆွဲရင်းပြောလိုက်သဖြင့် ရုံ ဒေါက်တာမယ်ရီ့ကိုစူးရှစွာစိုက်ကြည့်လိုက်သည်။

"ဒေါက်တာမယ်ရီ သူကအစကတည်းက ကျွန်မလူနာပါ ကျွန်မလူနာကို ဘယ်သူ့ကိုမှ ဘယ်တော့မှမလွှဲပေးနိုင်ဘူး"

"တို့ မင်းကိုမယုံဘူး တို့ပဲသူ့ကိုခွဲစိတ်မယ်"

"ကျစ်!! နောက်ပြောင်နေရမယ့်အချိန်မဟုတ်ဘူးဒေါက်တာမယ်ရီ သူ့အတွက်အချိန်မရှိတော့ဘူး သူသွေးထွက်လွန်နေတာမမြင်ဘူးလား ဘာလို့အချိန်တွေဆွဲနေရတာလဲ သူ့ကိုအသက်သေစေချင်လို့လား မဟုတ်ရင် ရှင့်လက်ကိုဖယ်ပါ ဒီ့ထက်နောက်ကျရင် သူသေသွားမယ်"

ရုံပြောနေပေမယ့်ရုံ့လက်ကို လွှတ်မပေးချေ။ရုံ ဒေါသတို့အလွန်ထွက်လာလေသည်။ဆွဲထားသော သူ၏လက်ကို လက်တစ်ဖက်ဖြင့်ဖြုတ်ချလိုက်ရင်း

"လူနာကိုခွဲခန်းခေါ်သွား"

နာစ့်မနှင့်အလုပ်သင်ဆရာဝန်အချို့ကိုပြောလိုက်ရာ တွန်းလှည်းကို ခွဲခန်းရှိရာသို့တွန်းသွားကျသည်။

"ဒီမယ်ဒေါက်တာမယ်ရီ အခုသမိုင်းကမ္ဘာကလူနာအဖြစ်ရောက်လာတာနော် အစကတည်းကသူကကျွန်မရဲ့လူနာ သိတဲ့အတိုင်းပဲ ပါမောက္ခတွေရဲ့ လွှဲပြောင်းမိန့်မပါပဲ ကျွန်မလူနာကိုဘယ်နည်းနဲ့မှလွှဲမပေးနိုင်ဘူး ရှင်အခုလုပ်နေတာနဲ့သူသွေးထွက်လွန်ပြီးသေတော့မယ် ရှင်သူ့ကိုတမင်သေအောင်သတ်နေတာများလား"

"ဘာ...မင်း တို့ကိုမစော်ကားနဲ့"

"ဒါဆိုလဲ ကျွန်မလူနာငိုလာမထိပါနဲ့"

"မ"၏မူပိုင်ခင်ပွန်းDonde viven las historias. Descúbrelo ahora