"မ"၏မူပိုင်ခင်ပွန်း{Unicode}
#အခန်း၁၉#
"ဟဲ့ကားတိုက်သွားပြီ"
"အမလေး...သေကုန်ပြီလားမသိဘူး"
"လူနာတင်ယာဥ်ကိုဖုန်းဆက်ပေးလိုက်ကျပါအုံး"
"အထဲကလူတွေကိုသူ့မိသားစုဆီအကြောင်းကြားဖို့ တစ်ခုခုလုပ်ကျလေ"
လူများဝိုင်းအုံလာသည်ကို သမိုင်းသတိရှိနေသည့်အချိန်မှာသိလိုက်ရသည်။သူ၏ဘေးနားမှကိုထက်ကတော့ လှုပ်တောင်မလှုပ်တော့ပေ။သူ ကားထဲမှထွက်ရန်ကြိုးစားလိုက်သည်။သို့သော် သူ့ခြေထောက်များဟာလှုပ်၍မရ။
"ဟင်!!..."
သူရုတ်တရက်အပြင်ဘက်သို့လှမ်းကြည့်လိုက်စဥ် မှောက်နေသောသူ၏ကားဆီတည့်မက်စွာမောင်းနှင်လာသော ကားတစ်စီး....
"ဟာ...ဟိုကားကထပ်တိုက်တော့မယ်"
"ဟာ သွားပြီဟေ့"
ဒုန်း.....
အာ့...
အရှိနိပြင်းစွာဖြင့် ထပ်မံ၍ဖြတ်တိုက်ခံလိုက်ရသဖြင့် သူတို့ကားလေးဟာ လွင့်ထွက်သွားရသည်။သူ၏အမြင်များဟာလဲဝေဝါးသွားရကာ ဘာဆိုဘာမှမသိတော့ပေ။
>>>>>
"သမိုင်းကမ္ဘာကိုအပြက်ရှင်းလိုက်ပြီ သူ့ကိုပဲရှင်းဖို့ကျန်တော့တယ်"
"ဘာ!!..ရှင်ဘာပြောလိုက်တယ် ဒါရိုက်တာ"
မယ်ရီ နှုတ်ခမ်းသားလေးများ တစ်ဆက်ဆက်တုန်ယင်ကာ မယုံနိုင်သလိုပြန်မေးလိုက်သည်။
"ဘယ်မှာလဲ ပင်နွယ်ရုံ..."
"နေ....နေအုံး မိုင်း...မိုင်းကိုဘာလုပ်လိုက်တယ် အခု အဲ့စကားကို နောက်ပြီးပြောနေတာလား"
"ငါ့ပုံစံကနောက်ပြီးပြောတဲ့ပုံပေါက်နေလို့လား မယ်ရီ"
"ဘာ...ဘာလို့ မိုင်းကိုရှင်းပစ်ရတာလဲ...မိုင်း...မိုင်းက ကျွန်မအတွက်တန်ဖိုးရှိတဲ့သူ အရေးကြီးတဲ့သူ"
စိတ်ရှိလက်ရှိအော်နေသောမယ်ရီ့ကိုကြောက်စရာမျက်ဝန်းများဖြင့်ပြန်ကြည့်နေသော ဟိဏ်းသုခ။
YOU ARE READING
"မ"၏မူပိုင်ခင်ပွန်း
Romance"မ" မသိဘူးလား ကျုပ်က မရဲ့ မူပိုင်ခင်ပွန်းလေ "မ" ကိုကျုပ်ပိုင်သလို ကျုပ်ကိုလဲ" မ" ပိုင်တယ်