"မ"၏မုပိုင်ခင်ပွန်း{Unicode}
#အခန်း၁၈#
"မောင်!!..."
"ဗျာ့"
"တစ်ခုလောက် မောင့်ကိုမေးချင်တယ်"
သူ့ ခါးလေးကိုခပ်တင်းတင်းဖက်ထား၍ ခေါင်းလေးမော့ကာမေးလာသော မ က အသည်းယားဖွယ်ရာ။
"အကယ်၍လေ မောင့်ကို မေ့သွားခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲဟင်!!"
ထူးထူးဆန်းဆန်းမေးလာသည့်စကားကြောင့် သမိုင်း မ ကိုသေချာကြည့်လိုက်သည်။တစ်ခုခုကို စိုးရိမ်နေသော မ ရဲ့မျက်နှာ။တစ်ခုခုကို ထိပ်လန့်နေသော မ ရဲ့မျက်နှာ။
"မ...."
"ဟင်..."
"ဘာလို့အခုလိုမေးတာလဲဟင် မ တစ်ခုခုဖြစ်လို့လား"
"အရင်ဆုံး မေးတာဖြေပါအုံး"
"မောင့်ကိုမေ့သွားမယ်ဆိုရင်တောင် မောင်က မအနားမှာအမြဲရှိနေမှာ...မ က ထားမသွားရင်ရပြီ ဒါကြောင့် မ အနားမှာရှိနေရင်ပြည့်စုံပြီ မောင့်ကိုဘယ်တော့မှ မမှတ်မိတော့ဘူးဆိုရင်လဲရတယ် မောင်ကမှတ်မိနေတာမို့ အဆင်ပြေတယ်"
သူ့အဖြေကိုကျေနပ်စွာပြုံးလိုက်ရင်း သူ့ရင်ခွင်အတွင်းတိုးဝင်ကာ မှီထားလိုက်၏
"မ လေ...တစ်နေ့နေ့မှာ မောင့်ကိုမေ့သွားတော့မယ်ထင်တယ်"
"ဟင် ဘာဖြစ်လို့လဲ..."
မက သူ့ရင်ခွင်အတွင်းမှထွက်လိုက်ရင်း စားပွဲအံဆွဲထဲမှ စာရွက်လေးတစ်ရွက်ကို သူ့အားပြလေသည်။
"ဒါက မနေ့က ဓာတ်မှန်ရိုက်ထားတဲ့အဖြေပဲ...မရဲ့ အာရုံကြောတွေကတဖြည်းဖြည်းပျက်စီးနေပြီ အဆိုးဆုံးက အားလုံးကိုမေ့သွားနိုင်တယ်တဲ့"
"ဒါဆို...."
"မောင့်ကိုမေ့သွားရင်တောင် မ ဘယ်ကိုမှထွက်မသွားပါဘူးလို့ ကတိပေးပါတယ် ဒါကြောင့် မ တို့လက်ထပ်ပွဲကို အမြန်ကျင်းပကျမလား"
သူ မရဲ့ ကိုယ်လေးကိုခပ်တင်းတင်းပွေ့ဖက်လိုက်ရင်း
"မောင်တို့ ဒီတစ်ပတ်ထဲမှာပဲ လက်ထပ်ကျမယ်နော်"
ESTÁS LEYENDO
"မ"၏မူပိုင်ခင်ပွန်း
Romance"မ" မသိဘူးလား ကျုပ်က မရဲ့ မူပိုင်ခင်ပွန်းလေ "မ" ကိုကျုပ်ပိုင်သလို ကျုပ်ကိုလဲ" မ" ပိုင်တယ်