"မ"၏မူပိုင်ခင်ပွန်း {Unicode}
#အခန်း၄#
မနက်ခင်းရဲ့နေရောင်စူးစူးက သူ့မျက်နှာပေါ်တည့်တည့်ကျလာသဖြင့် သူမျက်လုံးကိုပွတ်လိုက်ရင်း ဖွင့်ကြည့်လိုက်သည်။
"မ..."
ထိုင်ခုံပေါ်ထိုင်းရင်း ကုတင်ပေါ်မျက်နှာအပ်ကာ အိပ်ပျော်နေသော မကို သူခပ်တိုးတိုးခေါ်လိုက်သည်။
"မ..."
ဆံနွယ်များကမျက်နှာထက်အုပ်မိုးနေသဖြင့် လက်ဖြင့်အသာထိုဆံနွယ်များကိုဖယ်ရှားပေးလိုက်သည်။တစ်ညလုံး ဒီပုံစံနဲ့အိပ်နေတာများလား..
"ဟင် သမိုင်းကမ္ဘာ မင်း...မင်းဘာမှမဖြစ်ဘူးမဟုတ်လား"
ရုတ်တရက်လန့်နိုးလာသော မက သမိုင်းရဲ့မျက်နှာနှင့်လက်များကို ကိုင်ကြည့်ရင်း ထိပ်လန့်စွာမေးလိုက်သည်။သမိုင်း ပြုံးလိုက်ရင်းက
"ဘာမှမဖြစ်ရင် ညကလို ဆေးထပ်ပြီးခပ်မလို့လား"
"မဟုတ်..ငါ..ငါ"
မရဲ့ပုံစံကအလွန်ထိပ်လန့်နေမှန်းသိသာ၏ သမိုင်းတစ်ခုခုဖြစ်သွားပြီအထင်နဲ့ မ လန့်နေတာပဲဖြစ်ရမည်။
" မ မောင်ဘာမှမဖြစ်ဘူးနော်"
"မင်းတစ်ခုခုဖြစ်သွားပြီထင်နေတာ မင်းတစ်ကယ်အဆင်ပြေပါတယ်နော် လမ်းကောလျှောက်လို့ရရဲ့လား လျှောက်ကြည့်ပါအုံး"
ထိပ်လန့်နေသောမရဲ့ပုံစံလေးကြောင့် သမိုင်းအနည်းငယ်ပြုံးလိုက်ရင်း လက်နှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်သည်။
"မောင် အဆင်ပြေပါတယ်"
"ဒါပေမယ့်..."
"မကို အပြစ်မတင်ပါဘူး မက ဆရာဝန်တစ်ယောက်လေ လူတစ်ယောက်ကို လွယ်လွယ်နဲ့မသတ်ဘူးဆ်ုတာ မောင်သိတယ် ဒါကြောင့် ဘာမှမဖြစ်ဘူးနော် မောင့်ကိုစိတ်ပူနေတာလား"
"ငါမင်းကိုစိတ်ပူလို့မဟုတ်ဘူးနော် ငါလူသတ်မိပြီးဆရာဝန်လိုင်စင်သိမ်းခံရမှာကြောက်လို့"
"ဟုတ်ပါပြီ အခုဆေးရုံသွားဖို့ပြင်တော့နော် ဒီနေ့ခွဲစိတ်မှု့ကအရေးကြီးတယ်ဆို"
YOU ARE READING
"မ"၏မူပိုင်ခင်ပွန်း
Romance"မ" မသိဘူးလား ကျုပ်က မရဲ့ မူပိုင်ခင်ပွန်းလေ "မ" ကိုကျုပ်ပိုင်သလို ကျုပ်ကိုလဲ" မ" ပိုင်တယ်