မ၏မူပိုင်ခင်ပွန်း{part14} U/Z

2.7K 61 2
                                    

"မ"၏မူပိုင်ခင်ပွန်း{Unicode}

#အခန်း၁၄#

"ဦးလေးရော့"

အရက်ပုလင်းအကောင်းစားနဲ့အမြည်းအစုံအလင်အပါအဝင် ပိုက်ဆံ၅သောင်းပါပေးလိုက်တော့ ဦးလေးမျက်နှာဟာ ဝင်းလက်သွားလေသည်။

"မင်း..ပိုက်ဆံအများကြီးဘယ်ကရတာလဲ သမိုင်းကမ္ဘာ"

"ကျွန်တော်လူသတ်လာတာ"

"ဘာ..ဘယ်လို"

ဦးလေးက တအံ့တသြသူ့ကိုကြည့်နေသည် သူဦးလေးအကြည့်များကိုဂရုမစိုက်ပဲ မမစာကျက်နေသည့်အခန်းထဲသို့ဝင်လာခဲ့လိုက်သည်။

"မမဆူး ရော့"

"ဟင် ဘာတွေလဲမိုင်း"

"မမလိုအပ်မယ်ထင်တာတွေဝယ်လာခဲ့တယ် ပြီးတော့ ဒီပိုက်ဆံက မမလိုတာသုံးဖို့ မမအတွက်ဆိုင်ကယ်တစ်စီးလဲ ကျွန်တော်ဝယ်ထားတယ် မနက်ဖြန်ကျရင်လာပို့"

သူ့စကားမဆုံးခင်မှာပင် သူ့လည်ပင်းကိုသိုင်းဖက်လာသဖြင့် ရင်ခုန်သံများမြန်လာရသည်။

"ကျေးဇူးတင်ပါတယ်မိုင်း ကျေးဇူးအများကြီးတင်ပါတယ်"

"ကျေးဇူးဆိုတာ ကျွန်တော်တို့ကြားမှာမလိုပါဘူး ကျွန်တော်က မမအတွက်ဆိုရင် ဘာမဆိုလုပ်ရဲတယ် မမသာကျွန်တော့်အနားကနေဘယ်ကိုမှထွက်မသွားပဲရှိနေပေးပါ မမကကျွန်တော့်အားအင်ပဲ"

"တို့က ဘယ်ကိုများထွက်သွားရမှာလဲမိုင်းရယ် ဘယ်တော့မှမိုင်းအနားကနေထွက်မသွားဘူး တစ်နေ့ကျရင် တို့လက်ထပ်မယ့်သူက မိုင်းပဲ"

"ဟင်!!..."

မမဆူးစကားကြောင့် သူ့ရင်ခုန်သံများက ပိုလာရသည်။မမဆူးအပေါ်မှာ အမတစ်ယောက်လိုစိတ်ထားဖို့ သမိုင်းအတွက်မလွယ်ကူပါ။

>>>>>

၃နှစ်ဆိုတဲ့အချိန်အတွင်းမှာ သမိုင်းဘဝဟာအများကြီးပြောင်းလဲခဲ့ရပြီ။လူမိုက်များကြားမှာ သမိုင်းကမ္ဘာဆိုတဲ့နာမည်က ဟိုးလေးတစ်ကျော်ကျော်ပင်။ဒီ၃နှစ်အတွင်း သူ့ဆီအလုပ်အပ်တဲ့သူများကမနည်းမပေ။

မမဆူးကိုလဲ လူအများကြားမှာတင့်တင့်တယ်တယ် သူထားနိုင်ခဲ့တယ်။အခုတော့ အရင်လိုယိုယွင်းပျက်စီးနေတဲ့ အိမ်မဟုတ်တော့ပဲ ကျယ်ဝန်းသော တိုက်ခန်းမှာ နေနိုင်ခဲ့လေပြီ။သို့ပေမယ့် ထိုအပျော်များကိုဖျက်ဆီးခဲ့သူက မမဆူးခက်ကိုယ်တိုင်ပင်။

"မ"၏မူပိုင်ခင်ပွန်းWhere stories live. Discover now