မ၏မူပိုင်ခင်ပွန်း{part3} U/Z

3.8K 87 0
                                    

"မ"၏မူပိုင်ခင်ပွန်း{Unicode}

#အခန်း၃#

ရုံခွဲခန်းထဲကထွက်လာတော့ ရုံ့ရဲ့ရုံးခန်းမှာ ခြေချိတ်ထိုင်ရင်း စီးကရက်ကိုဖွာရှိုက်ကာ စောင့်နေသောသူ့ကို မုန်းတီးစွာ ကြည့်လိုက်မိသည်။

"မ အိမ်တန်းပြန်မယ်မဟုတ်လား"

"ဒီညအိမ်မပြန်ဘူး ငါဂျူတီရှိတယ် မင်းပြန်တော့"

"မပြန်ပါဘူး ဂျူတီရှိတယ်ဆိုလဲ ကျုပ်ဒီရုံးခန်းကပဲထိုင်စောင့်နေမယ် ဒီမှာပဲအိပ်မယ်လေ"

"ဒါဆေးရုံနော် မင်းအိမ်မဟုတ်ဘူး"

"ဒါပေမယ့် မရဲ့ ဆေးရုံလေ မဟုတ်ဘူးလား"

"ငါပိုင်တဲ့ဆေးရုံမဟုတ်ဘူး မင်းနေချင်သလိုနေလို့မရဘူး သွားပြန်တော့"

"ခက်တာပဲ မရယ် အတင်းကိုနှင်လွှတ်နေတော့တာလဲ ဘာလို့လဲ မောင့်ကိုအဲ့လောက်တောင်မုန်းလို့လား"

သူကိုယ်သူ မောင် ဟုသုံးနှုံးလိုက်သော သူ့ကို ရုံ ပိုမိုမုန်းတီးမိလေသည်။

"သမိုင်းကမ္ဘာ"

"ခင်ဗျာ..."

မချိုမချဥ်မျက်နှာနဲ့ပြန်ထူးလိုက်သောသူ့ရဲ့မျက်နှာကို စိတ်ရှိလက်ရှိဆွဲကုတ်ပစ်ချင်မိသည့်စိတ်ကိုမနည်းထိန်း ရင်း မျက်စောင်းတစ်ချက်ထိုးကာ ဂျူတီကုတ်ကိုချွတ်လိုက်သည်။

"မ"

"အို!!မင်းဘာလုပ်တာလဲဖယ်စမ်း"

အနောက်ကနေ ခါးသိမ်သိမ်လေးကို သိုင်းဖက်လိုက်သဖြင့် ရုံ သ့လက်များကိုဖြုတ်ချနေမိသည်။

"မ မောင့်ကိုညာနေတာသိတယ် ဘာဂျုတီမှမရှိဘူးမဟုတ်လား မောင်နဲ့အိမ်ပြန်မလိုက်ချင်လို့မဟုတ်လား"

"ဟုတ်တယ် မင်းနဲ့ပြန်မလိုက်ချင်ဘူး ဆေးရုံမှာပဲငါနေမယ်"

"မောင်လဲ မနဲ့အတူ ဆေးရုံမှာပဲနေမယ်"

"အွန့် ဖယ်..ဖယ်စမ်း"

ဖယ်ခိုင်းကာမှ သူ့ဘက်ကိုဆွဲလှည့်လိုက်သဖြင့် မျက်နှာချင်းအနေထားဖြစ်သွားရသည်။သူ၏ရင်ဘက်နားအှာရုံ့မျက်နှာရှိနေသဖြင့် သူ၏ရင်ခုန်သံများကို ရုံကြားနေရသည်။

"မ"၏မူပိုင်ခင်ပွန်းOnde histórias criam vida. Descubra agora