မ၏မူပိုင်ခင်ပွန်း{part12}U/Z

2.8K 70 0
                                    

"မ"၏မူပိုင်ခင်ပွန်း{Unicode}

#အခန်း၁၂#

"ခင်ဗျားအတွက်လူနာတိုင်းကအတူတူပဲဆိုပေမယ့် ကျုပ်အတွက်ကတော့မတူဘူး ခင်ဗျားက ကျုပ်ဘဝရဲ့အရေးကြီးဆုံးသူ ခင်ဗျားအခြားလူနာတွေကို အများကြီးဆက်ကယ်လို့ရတယ် အကယ်၍သူသာအသက်ပြန်ရှင်လာရင် တခြားမိန်းကလေးတွေကို ဒီနေ့လိုမျိုးထပ်ကျူးလွန်မယ်ဆိုရင်ဘယ်လိုလုပ်မှာလဲ လူနာအဖြစ်ကယ်တင်မှာလား အခြားမိန်းကလေးတွေကိုကယ်တင်မှာလား"

သူ့စကားကြောင့် ဖိထားသော ရုံ့လက်များ ရပ်တန့်သွားရ၏

"ဒါ...ဒါပေမယ့်"

"မ နည်းနည်းလောက်သေချာတွေးကြည့်ပါအုံး သူဟာမုဒိန်းသမား ဗီဇကပျောက်မှာမဟုတ်ဘူး သူ့ကိုလက်လွှတ်လိုက်တာ အကောင်းဆုံးပါပဲ"

ခုဏဒေါသတကြီးအော်နေသောသူက အခုကျပြန်တော့ ရုံ့ကိုချော့မော့ပြောနေပြန်သည်။သူ့လေသံခပ်တိုးတိုးဖြစ်သွားတော့ ရုံ စိတ်ပူမိတဲ့အကြောင်းကိုမေးလိုက်သည်။

"မင်း...မင်းထောင်ကျရင်ကော"

ထိုစကားကြောင့် သမိုင်း ပြုံးလိုက်ရင်း သွေးများပေနေသည့် မ ရဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ

"မ မောင်ကလေ လူသတ်သမားဆိုတာ မ မေ့နေပုံပဲ စိတ်ချပါ မောင် ထောင်မကျပါဘူး ဒီလူသေသွားလဲဒီလူက အပြစ်မဲ့တဲ့သူမဟုတ်တာမို့ သတ်လိုက်လဲရပါတယ် မောင့်အတွက်က အပြစ်မဲ့သူကိုသာသတ်ရင် ထောင်ကျတာ သူတို့လိုအယုတ်တမာကောင်တွေအတွက် မောင်ထောင်ထဲမဝင်ရဘူး စိတ်ချ ဒါကြောင့် သူ့ကိုဒီတိုင်းထားခဲ့လိုက်ပါ နော်မ"

"ဘာလို့လဲ ဘာလို့ထောင်မကျတာလဲ မင်းလူတွေသတ်နေတာကိုလေ"

"အကြောင်းရှိလို့ပေါ့ မရယ်...ကဲပါ သူ့ကိုအခုအသေခံလိုက်ရင် မက အခြားမိန်းကလေးတွေရဲ့ အသက်နဲ့အရှက်ကို ကယ်တင်ပြီးသားဖြစ်သွားပြီမို့ ထားခဲ့လိုက်တော့နော် အရမ်းလဲလန့်သွားတယ်မဟုတ်လား"

သမိုင်းကမ္ဘာက ရုံ့ကိုထရန်အတွက် သူ့လက်ကိုကမ်းပေးသည်။ရုံ ဒဏ်ရာတွေနဲ့ထိုလူကိုကြည့်လိုကါတော့ သွေးအိုင်ထဲမှာ ငြိမ်သက်နေလေပြီ။အခုဆို ရုံ ကယ်ချင်ရင်တောင် ကယ်လို့မရတော့ပြီမို့။

"မ"၏မူပိုင်ခင်ပွန်းOù les histoires vivent. Découvrez maintenant