မ၏မူပိုင်ခင်ပွန်း{part13} U/Z

2.7K 67 0
                                    

"မ"၏မူပိုင်ခင်ပွန်း{Unicode}

#အခန်း၁၃#

"မ ဘာမေးချင်တာလဲ မောင်အားလုံးဖြေမယ်"

ရုံ ဘယ်ကစမေးရမှန်းမသိသဖြင့် သူ့ကိုပင်ကြောင်ငေးစွာကြည့်နေလိုက်သည်။ဒါကိုပင် သူကစိတ်မရှည်ဖြစ်စွာ ရုံ့ခါးလေးကိုတင်းတင်းကျပ်ပွေ့ဖက်လိုက်ရင်း

"တော်ပါပြီ အစကနေပဲမောင်ပြောပြတော့မယ် ဟုတ်ပြီလား"

သူ့အပြောကို ခေါင်းငြိမ့်လိုက်မိသည်။ဒါကိုသူကသဘောကျစွာပြုံးလိုက်ရင်း ဆိုဖာပေါ်ထိုင်လိုက်ကာ ရုံ့လက်ကိုပါဆွဲချလိုက်သဖြင့် သူ့ပေါင်ပေါ်ထိုင်လျှက်သားဖြစ်သွားရသည်။ပြန်ထရန်ကြိုးစားလိုက်ပေမယ့် ခါးလေးကိုအတင်းဖက်ထားသဖြင့် အသာငြိမ်နေလိုက်သည်။

"မ..."

"ဘာလဲ..."

"အခုပြောမယ့်အကြောင်းတွေက မောင့်အတွက်နာကျင်စရာတွေမို့ နောက်တစ်ခေါက်ပြန်မတွေးချင်တော့ပေမယ့် မ ကိုသိပ်ချစ်လို့ ရင်ဖွင့်တယ်လို့မှတ်ပြီး ပထမဆုံးနဲ့နောက်ဆုံး ပြန်တွေးပြီး ပြောပြပေးပါ့မယ်"

ပြောမယ့်အရေးကို စကားပလ္လင်ခံနေသော သမိုင်းကမ္ဘာကို မျက်စောင့်တစ်ချက်ထိုးရင်း ကြည့်လိုက်သည်။

"မပြောရင်လဲရတယ်လေ"

"ဟောကြည့်..."

သူ့ပေါ်ကထရန်ပြင်နေသဖြင့် ပြန်ဆွဲဖက်ထားရင်း

"စိတ်ကလဲမရှည်တက်လိုက်တာ မရယ်"

"ဟုတ်တယ်လေ မင်း နာကျင်စရာကောင်းတဲ့အတိတ်ဆို မပြောတာပိုကောင်းတယ်မဟုတ်လား"

"ဒါပေမယ့်လဲ မ ကို သိစေချင်တယ်လေ"

"ဒါဆိုလဲ အပိုတွေပြောမနေပဲ ပြောလေ"

"ဟုတ်ပါပြီ မရယ်"

စိတ်မရှည်စွာပြောနေသော မ ကိုကြည့်ကာ အချစ်ပိုရပြန်သည်။

>>>>>

လွန်ခဲ့သော ၈နှစ်ခန့်က~~~~

"မိဆူးခက်....ဟေ့ မိဆူးခက်"

"ဦးလေး ဘာလိုလို့လဲ မမဆူးကစာကျက်နေတယ် လိုတာရှိရင်ကျွန်တော့်ကိုပြောပါဦးလေး ကျွန်တော်အကုန်လုပ်ပေးပါ့မယ်"

"မ"၏မူပိုင်ခင်ပွန်းOnde histórias criam vida. Descubra agora