မ၏မူပိုင်ခင်ပွန်း{part15} U/Z

2.8K 68 0
                                    

"မ"၏မူပိုင်ခင်ပွန်း{Unicode}

#အခန်း၁၅#

"မ..."

"ဟင်...ဘာလဲ"

"မောင့်ကိုချစ်လား.."

"မင်း ဒီစကားကိုမေးနေတာ အခါ၁၀၀မကတော့ဘူး ငါဖြေရတာလဲမောလာပြီ"

တစ်ကယ်ပင် ရုံ ချစ်တယ်ပြောလိုက်ကတည်းက ဆက်တိုက်ပင်သူမေးနေခြင်းပင်။သူမမောပေမယ့် ဖြေရတဲ့ရုံက အတော်ပင်မောနေလေပြီ။

"မောင်က ကြားချင်လို့ပါ မရယ်"

မ ဆီကချစ်တယ်ဆိုသောစကားလေးက သူ့အတွက် အိမ်မက်တစ်ခုလိုပင်။အခုထိမယုံနိုင်သေးတာမို့ ခဏခဏမေးမိနေသည်။

"ခဏခဏဖြေနေရလို့ မင်းရိုးသွားရင်ဘယ်လိုလုပ်မလဲ"

"မရယ် ရိုးသွားတဲ့အထဲမှာလေ မရယ် မရဲ့ချစ်တယ်ဆိုတဲ့စကားရယ်မပါဘူးသိလား"

"စကားအတော်တက်နေသမိုင်းကမ္ဘာ"

"မ ကတိမတည်ဘူးနော်"

"ဘာကိုမတည်တာလဲ"

"မောင်လို့ခေါ်ပါဆို"

"မခေါ်တက်ပါဘူး ခေါ်နေလဲမကျဘူး"

"ဒါဆို မ ဟိုလူကြီးတုန်းကဘယ်လိုခေါ်လဲ"

"ဘယ်လူကြီးလဲ"

"ဘယ်သူရှိရမှာလဲ ဒီဆေးရုံမှာ မနဲ့အတူတူအလုပ်လုပ်နေတဲ့ ပါမောက္ခဆိုတဲ့ မရဲ့ ရည်းစားဟောင်းပေါ့"

ထိုအဖြေကိုတော့ ဘုဆက်ဆက်နှင့်ဖြေနေလေသဖြင့် ရုံ ရီချင်စိတ်ကိုမနည်းထိန်းထားရလေသည်။ရီလိုက်မိရင်လဲ ဘာလို့ရီရတာလဲ ဘာလဲနဲ့ ထပ်အရစ်ခံနေရအုံးမည်။

"သူ့ကိုဘယ်လိုခေါ်ရမှာလဲ ငါ့ထက်ကြီးလို့ ကိုကိုလို့ခေါ်တာပေါ့"

သမိုင်း၏မျက်နှာသည် စူပုတ်သွားကာ တစ်ဖက်သို့မျက်နှာလွှဲသွားလေ၏

"ဘာလဲ အဲ့တာဘာဖြစ်တာလဲ"

"ခင်ဗျားထက်ကြီးလို့ကိုကိုလို့ခေါ်တာဟုတ်လား ဒါဆိုကျုပ်က ခင်ဗျားထက်ငယ်တယ်လေ ဘာလို့မောင်လို့ မခေါ်ရတာလဲ"

ချက်ချင်းပင် ခင်ဗျားတွေကျုပ်တွေဖြစ်သွားကာ ရုံ့ကို ဒေါသတကြီးရန်တွေ့နေလေသည်။

"မ"၏မူပိုင်ခင်ပွန်းDonde viven las historias. Descúbrelo ahora