"မ"၏မူပိုင်ခင်ပွန်း{Unicode}
#အခန်း၆#
ပါးပြင်ထက်သို့ကျရောက်လာသော သမိုင်းအနမ်းကြောင့် ရုံသူ့ရင်ဘက်ကိုတွန်းဖယ်ကာရှောင်ဖယ်လိုက်မိသည်။
"မ.."
"စကားများတယ် အိမ်ကိုမောင်းတော့"
သမိုင်းတစ်ချက်ပြုံးလိုက်ရင်း မ အလိုကျ ကားလေးကိုအိမ်သို့မောင်းနှင်လာလိုက်သည်။အိမ်ရောက်သည်နှင့် မ က ရေချိုးခန်းဝင်သွားသည်။သမိုင်း မ ရေချိုးပြီးရင်စားဖို့အတွက် အဆင်သင့်ချက်ပြုတ်လိုက်သည်။
"မ ထမင်းစားလို့ရပြီ"
"မစားတော့ဘူး ဆေးရုံကိုပြန်သွားရမယ် အရေးပေါ်လူနာရောက်လာလို့"
မ က ပျာယာခက်စွာဖြင့် သူမပိုက်ဆံအိတ်လေးအားလွယ်ကာ အရှေ့သို့ထွက်သွားသဖြင့် သမိုင်း ကားသော့အမြန်ယူကာ ဆေးရုံသို့ ပြန်လိုက်ပို့ရသည်။
.....
"လူနာကဘယ်လိုဖြစ်တာလဲ"
"ရုတ်တရက် သွေးပေါင်တွေထိုးကျလာပြီး နှလုံးရပ်သွားတာပါဒေါက်တာ ကျွန်မတို့အရေးပေါ်ကယ်တင်ခဲ့ပေမယ့် လူနာရဲ့အသက်ကိုမကယ်လိုက်နိုင်ပါဘူး"
ပဝါအဖြူစဖြင့်ဖုံးအုပ်ထားသော လူနာ၏အသက်မဲ့နေသောခန္ဓာ၏ဘေးတွင် ငိုနေသောအမျိုးသမီးတစ်ဦး ထိုအမျိုးသမီးအနားမှာတော့ အသက်သုံးနှစ်အရွယ်ကလေးတစ်ဦးဟာ မသိနားမလည်သလိုဖြင့် ငေးကြည့်နေ၏။
"ခွဲစိတ်မှု့ကအောင်မြင်ပါရဲ့နဲ့ဘာကြောင့်အခုလိုဖြစ်ရတာလဲ"
"အဲ့တာ ဒေါက်တာပင်နွယ်ရုံထုတ်ခဲ့တဲ့ဆေးကြောင့်မဟုတ်ဘူးလား ဆေးပမာဏကိုလိုတာထက်ပိုသွင်းပေးခဲ့လို့ လူနာအခုလိုမျိုးအသက်ဆုံးရှုံးသွားတာမဟုတ်ဘူးလား"
"ဟင်!!"
ရုံ့အနောက်မှရောက်လာကာပြောလိုက်သော ဒေါက်တာမယ်ရီ...
"ဒေါက်တာမယ်ရီ ကျွန်မနေ့လည်ကပြောပြီးသားထင်တယ် ကျွန်မလိုအပ်တဲ့ဆေးကိုပဲလူနာကိုသွင်းပေးခဲ့တာ ဆေးသွင်းတဲ့အချိန်ကျွန်မတစ်ယောက်တည်းရှိနေတာလဲမဟုတ်ဘူး အခြားအကူနာစ့်မတွေလဲရှိတယ်"
VOCÊ ESTÁ LENDO
"မ"၏မူပိုင်ခင်ပွန်း
Romance"မ" မသိဘူးလား ကျုပ်က မရဲ့ မူပိုင်ခင်ပွန်းလေ "မ" ကိုကျုပ်ပိုင်သလို ကျုပ်ကိုလဲ" မ" ပိုင်တယ်