"မ"၏မူပိုင်ခင်ပွန်း{Unicode}
#အခန်း၁၇#
"စိတ်ချမယ်နော်...ဒီဆေးကစျေးအရမ်းကြီးတာမို့ လုံးဝလွဲလို့မဖြစ်ဘူးနော် မှာရတာလဲအရမ်းခက်တာမို့"
"စိတ်ချပါ...ကျွန်မသေချာလုပ်ပါ့မယ် ဒါရိုက်တာ"
နှစ်လိုဖွယ်အပြုံးဖြင့်ကျေနပ်စွာပြုံးလိုက်ရင်း ပျော်နေမိသူက ဟိဏ်းသုခပင်။လောလောဆယ် ဒီနည်းနဲ့ပဲ ပင်နွယ်ရုံကိုရှင်းပစ်လို့ရပေမည်။ပင်နွယ်ရုံမှတ်ဥာဏ်တွေပျောက်သွားခဲ့ရင် ကိစ္စအားလုံးကချောမွေ့နေတော့မည်သာ။
"ဒါရိုက်တာ....ဆေးရုံအုပ်ကြီးက ရုံးခန်းလာခဲ့ပါအုံးတဲ့"
"အေး..အခုလာမယ်"
အပေါ်အင်္ကျီကိုကောက်ဝတ်လိုက်ရင်း အဖေ့ရုံးခန်းဆီ လျှောက်လာ၏။ ပျော်ရွှင်နေသဖြင့် သူ၏ခြေလှမ်းများကတက်ကြွနေလေသည်။မကြာခင်မှာ ဒီဆေးရုံနဲ့အတူအမွေတွေအားလုံးက သူ့အပိုင်ဖြစ်တော့မည်မဟုတ်လား။
ဒေါက်...ဒေါက်...
"အဖေ...ကျွန်တော်ဝင်ခဲ့မယ်နော်"
"အေး..."
ဟိဏ်းသုခဝင်လိုက်တော့ ရုံးခန်းထဲမှာ ပင်နွယ်ရုံပါရှိနေသည်။သူ့ကိုတစ်ချက်မှမကြည့်ပဲ အဖေနဲ့အတူ ကော်ဖီသောက်နေသော ပင်နွယ်ရုံကိုလဲသူဂရုမစိုက်စွာဖြင့် အဖေ့ကိုသာစကားလှမ်းပြောလိုက်သည်။
"အဖေကျွန်တော့်ကိုခေါ်တယ်ဆို"
"ဟုတ်တယ် ဒီနေ့ည မိသားစုတွေ ညစာစားဖို့ရာပြောမလို့"
"မိသားစုတွေဟုတ်လား အဖေ..."
"မိသားစုတွေဟုတ်လားဖေဖေ..."
အဖေ့စကားကြောင့် သံပြိုင်တူထွက်မိလိုက်ကျသည်။
"မင်းတို့အသက်တွေလဲမငယ်ကျတော့ဘူး ဒီအဖေမသေခင်မှာ မင်းတို့မောင်နှမပြေလည်သွားတာကိုမြင်ချင်တယ်"
"တောင်းပန်ပါတယ် ဖေဖေ့ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်လို့..."
"ဟင်း..."
ဖေဖေက စိတ်မကောင်းဖြစ်သွားကာ မျက်ရည်စများမျက်ဝန်းမှာရစ်ဝဲလျှက် သက်ပြင်းကိုလေးပင်စွာချဘိုက်ရင်း တစ်ဖက်သို့လှည့်သွား၏
YOU ARE READING
"မ"၏မူပိုင်ခင်ပွန်း
Romance"မ" မသိဘူးလား ကျုပ်က မရဲ့ မူပိုင်ခင်ပွန်းလေ "မ" ကိုကျုပ်ပိုင်သလို ကျုပ်ကိုလဲ" မ" ပိုင်တယ်