မဂ်လာဆောင်ပြီးနောက်နေ့မှာထဲက ဖြစ်ထားတဲ့ ပြသာနာကြောင့် သူ့ဘက်ကလည်းစကားမပြေတော့သလို ကျွန်တော်ဘက်ကလည်း စပြီး မချော့ဖြစ်ခဲ့.
ခုဆိုသူကလည်း သူ့အခန်းထဲမှာနေကာ ကျွန်တော်ကလည်း အပေါ်ထပ်က အခန်းမှာသာ နေဖြစ်ကြတယ်..
မနက်စာလည်း မပြင်ပေးတော့သလို ညစာလည်းတူတူ မစားဖြစ်..ညတိုင်းတော့ ပြန်မလာမချင်း အိမ်ရှေ့က ဆိုဖာမှာ TV ကြည့်ရင်းစောင့်နေတက်တယ်..
ကျွန်တော်ပြန်လာလို့ တံခါးဖွင့်ပြီး ဝင်လာတာနဲ့ TV ပိတ်ကာ အခန်းထဲဝင်သွားတဲ့ ယုန်စုတ် က အဲ့တာ ကျွန်တော်ပြန်အလာကို စောင့်နေတာတဲ့လေ...
ခုဆို စကားမပြောဖြစ်တာတောင်တပတ်လောက်ရှိတော့မယ်..ဟိုကောင်တွေရဲ့ စကားတွေလည်း နားမခံနိုင်တော့လို့ ဒီနေ့ကျောင်းသွားကြိုဖို့ ဆုံးဖြတ်လိုက်ရတယ်..မဟုတ်ရင် ဟိုနှစ်ကောင်ရဲ့ စကားတွေက တရစပ်လွှတ်နေကြအုံးမှာလေ..
" သွားမင်းဆုံးဖြတ်ချက်မှန်တယ် "
"သွားချင်လို့မဟုတ်ဘူး မင်းတို့နှစ်ကောင် နား-ိုးနေလို့ သွားတာကွ "
" ချီးပြောပုံကိုက ထထိုးချင်စရာ "
...တခါမှ မလုပ်ဘူးတဲ့ အလုပ်ကို ဒီအသက်အရွယ်ရောက်မှ ပထမဆုံးလုပ်ရတာ ရှက်ဖို့လည်း ကောင်း လိုက်တာနော်..
ကျောင်းအဝင်အဝရှေ့ ကားကိုရပ်လို့ကားပေါ်က ဆင်းကာ ကားကိုမှီထားလိုက်ပြီး ဆေးလိပ်ဖွာရင်းစောင့်နေလိုက်တယ်..
စောင့်ရတာ မကြိုက်ပါဘူးဆိုမှ နာရီဝက်လောက်ကြာမှ ထွက်လာခဲ့တဲ့ ယုန်စုတ်..ကြည့်လိုက်တော့ ဘေးက ကောင်လေးတယောက်နဲ့ စကားပြောနေလိုက်တာများ ပြုံးရွှင်လို့ ..
တချက်တချက် ဘေးကကောင်လေးကို ဖတ်ကာ ရီနေသေးတာ..ဘာလည်း မင်းက အိမ်မှာတော့ ငါကပဲ နိုပ်ဆက်နေတဲ့ရုပ်နဲ့ အပြင်မှာတော့ မင်းကပြုံးရွှင်လို့ မင်းက တော်တော်သရုပ်ဆောင်ကောင်းတာပဲ Jeon Jungkook..
Taehyung ရဲ့ ခြေလှမ်းတို့က ကျောင်းဝင်းအတွင်းသို့ခြေလှမ်းကြဲကြီးတွေနဲ့ လျှောက်သွားကာ..သူ့ကိုမြင်သွားတဲ့ Koo က သူ့ကိုခေါ်ပြီး ပြုံးပြလာတယ်..