11

7K 286 5
                                    

ဒီနေ့ Koo က ကျွန်တော် ကုမ္မဏီ ကိုလိုက်လို့လာတယ်.. လိုက်လာတယ်ဆိုတာကလည်း ကျွန်တော် အတင်းခေါ်ခဲ့တာပါ..

ကျောင်းပိတ်ရက် ဖြစ်သလို အိမ်မှာလည်း မထားခဲ့တာရယ် တနေကုန် အဲ့ဒီမျက်နှာလေးကို ကြည့်နေချင်တာရယ်ကြောင့် ခေါ်လာခြင်းဖြစ်သည်..

" ဦး ဦး ဦးးးးးလို့ "

ဦး တလုံးထဲ ခေါ်လာရင် တော်ယုံမထူးချင်ဘူး နောက်ဆက်တွဲ ဦး ဆိုပြီး သံရှည်ဆွဲခေါ်တဲ့ အသံလေးကို ကြားချင်တာကြောင့် တမင်မထူးပဲ နေလိုက်တာ ခုတော့ ကြားချင်တဲ့ ခက်ချွဲချွဲအသံလေးကို ကြားလိုက်ရပြီ ..

အလုပ်စားပွဲမှာ Laptop တလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်တော် အမောပြေလှမ်းလှမ်းကြည့်ရတာလည်း အမော...တနေကုန်တမျိုးပြီး တမျိုးပြောနေတာ ခုလည်းခေါ်ပြန်ပြီ ဘာတွေ တောင်းဆိုအုံးမလည်း မသိ..

" ဦးလို့ Koo ခေါ်နေတယ် လေ "

ခေါ်နေတာကို မထူးလို့စိတ်မရှည်တော့ဘူးထင်တယ် ဆိုဖာက ထလာကာ အလုပ်စားပွဲမှာ ထိုင်နေတဲ့ ကျွန်တော်ရဲ့ ပေါင်ပေါ်ထိုင်လိုက်တဲ့ Koo

" ဘာလုပ်ပေးရအုံးမလည်း koo "

" Koo ဗိုက်ဆာလို့ "

" အော်ဗိုက်ဆာပြီလား ဘာစားချင်လည်း Koo လေး "

" Koo pasta စားချင်တယ် အဲ့တာ DNA Hotel က မှာပေးပါ Koo က အဲ့က စားနေကြ "

" ok Koo လေး "

အလုပ်စားပွဲက ကြိုးဖုန်းကို ကောက်ကိုင်လိုက်ကာ အတွင်းရေးမှုးဖြစ်သူကို Koo လေး စားချင်တဲ့ ပုံစံသေချာပြောကာ မှာလိုက်သည်..

" မှာပြီးပြီနော် ခဏလောက်တော့ စောင့်ပေးနော် Koo လေး "

" ဟုတ် "

မှာပြီးပြီ ပြောပြီးတာတောင် ပေါင်ပေါ်က မထသေးကာ ရင်ခွင်ထဲပိုတိုးလို့ဝင်လာကာ တင်းကြပ်နေအောင်ဖတ်ထားသေးတဲ့ Koo လေး
ကြည့်လိုက်တော့ ဘာကိုအလိုမကြသေးဘူးလည်း မသိ မျက်နှာလေးက တခုခုကိုစဥ်းစားနေသေးသလို..

" Koo ဘာဖြစ်ချင်သေးတာလည်း ဦးကိုပြော "

" ဦးကို နမ်းလို့ရမလား "

I Hate You But I Love You (complete)Where stories live. Discover now