39

4.2K 164 5
                                    

" ဦး တို့ကလေးယူရအောင် Koo "

အိပ်ဖို့ပြင်နေတဲ့ Koo လေးမှာ Taehyung ရဲ့စကားသံလည်းကြားရော လှဲနေရာကနေ ချက်ချင်းထထိုင်လိုက်ကာ Taehyung ကို မျက်လုံးလေးအဝိုင်းသားနဲ့ ကြည့်နေလို့နေတယ်

" ဦး နဲ့ Koo ရဲ့ ရင်သွေးလေးယူမယ်လို့ပြောနေတာလေ "

ကြည့်နေရင်းပါးပြင်ပေါ်သို့ အလိုလိုစီးကျလာတဲ့ မျက်ရည်များကြောင့် Taehyung မှာ ပြာပြာသလဲထထိုင်လိုက်ပြီး ပါးပြင်က မျက်ရည်လေးတွေကို သုတ်ပေးကာ..

" ဘာလို့ငိုနေတာလည်း Koo "
" ပျော်လို့ ဟင့် အရမ်းပျော်လို့ ဟင့် ယောကျား အရမ်းချစ်တယ် ဟင့် "

ပျော်လွန်းလို့င်ိုတာပါဆိုပြီး ကျွန်တော်ရင်ခွင်ထဲတိုးဝင်လာကာ တင်းကြပ်စွာဖတ်လို့ထားတဲ့ Koo..ကျွန်တော်လည်း Koo ရဲ့ ခန္တာကိုယ်လေးကို အလိုက်စင့်လေးဖတ်ထားပေးလိုက်တယ်..

" ဒါဆို ဒီရက်ပိုင်း မျက်နှာမကောင်းတာ ဒါကြောင့်လား "

ရင်ခွင်ထဲမှာ ငိုနေရင်း ခေါင်းလေးညိတ်လို့လာတဲ့ Koo..ကျွန်တော်မသိခဲ့ဘူး ကလေးမယူလည်း အဆင်ပြေပါတယ် ပြောခဲ့တဲ့ Koo က တကယ်တော့ အဆင်ပြေမနေဘူးဆိုတာ ကျွန်တော်မသိခဲ့ဘူး..ဒီကြားထဲ ဘာတွေများတွေးပြီး နေခဲ့ပါလိမ့်..

" ဦးတောင်းပန်ပါတယ် Koo လေးအဲ့လောက်စိတ်မကောင်းဖြစ်သွားမယ် မထင်ခဲ့လို့ပါ ခုရော ပျော်လား "

" အင်းအရမ်းပျော်တယ် အစက ဦးက ကလေးမလိုချင်တာ Koo ကိုမချစ်လို့ Koo နဲ့ ရတဲ့ ရင်သွေးလေး မလိုချင်ဘူးလို့ထင်နေတာ ဟင့် "

သိတယ်လေ ဒီကလေးပေါက်ကရတွေတွေးနေမယ်ဆိုတာကိုပေါ့..ဒါပေမယ့် သူ့ကိုမချစ်ဘူးလို့တွေးကတော့မဟုတ်သေးပါဘူး ကျွန်တော်လောက် koo ကို ချစ်ခဲ့တာကို ဒီလိုထင်တယ်ဆိုတော့ ကျွန်တော် ချစ်တာနည်းနေသေးလို့များလား Koo ရယ်..

" ဟာ ပေါက်ကတွေကွာ ဦး မှာ ဒီကလေးလေးကို ချစ်မဝလို့ ကလေး မယူချင်ဘူးလို့ပြောတာ ဒါပေမယ့် ဒီကလေးလေးက လိုချင်နေမှတော့ ဒီကလေးလေးကို အရမ်းချစ်တဲ့ ဦးကပဲ လိုက်လျောပေးရမှာပေါ့ "

I Hate You But I Love You (complete)Donde viven las historias. Descúbrelo ahora