28🔞

7.1K 173 3
                                    

ကမ်းခြေရောက်တော့ ကားပေါ်က ဆင်းတော့
မယ့် Koo ..Taehyung မှာ ကမန်းကတန်းပြေးဆင်းကာ နောက်ခန်းက ပုဝါကိုယူလိုက်ပြီး Koo ရဲ့ ခါးကနေ ပတ်ကာ စီးပေးလိုက်တယ်..

" ဦးး "

" ပတ်ထား ဟိုမှာတွေ့လား လှေမောင်းတဲ့ ကောင်တွေ ဝိုင်းကြည့်ကြမှာပေါ့"

" ဟုတ် "

speedboad စီ သွားဖို့ အရင်ဆုံး လှေအသေးလေးအရင်စီးပြီးသွားရသည်..လှေပေါ်တက်ခါနီးတောင် ပင်လယ်ရဲ့ လှိုင်းရိုက်လို့ လှေကာ လှုပ်ကာ တက်လို့မရဖြစ်နေတဲ့ Koo..

Taehyung သူရဲ့ BG တွေ အားလုံးကို လှေကို မလှုပ်အောက် ဝိုင်းထိန်းကိုင်ခိုင်းထားတာကြောင့် လှိုင်းဘယ်လောက်ရိုက်ရိုက် လှေက တချက်မရွေ့သွား..

အဲ့တော့မှ Koo လေးကို ပွေ့ကာ လှေပေါ်တင်ပေးလိုက်တဲ့ Taehyung ပြီးမှ သူပါလိုက်တက်ပြီး Koo ရဲ့ လက်ကလေးကို ကိုင်ကာ သူရဲ့ speedboad ရှိရာသို့ ထွက်ခဲ့ကြသည်..

" ဦး speedboad ကြီးက မိုက်လိုက်တာ "

" သဘောကျလား "

" အင်း သဘောကျတယ်. "

" ဟိုကောင်တွေနဲ့ အမြဲစီးနေကြ ပင်လယ်ထဲ နှစ်ညလောက်အသာလေး ပျော်ပွဲစားထွက်ကြတယ်လေ "

" မိန်းကလေးတွေရောပါလား "

" ဟင် "

" ပါလည်း ဘာမှ မဖြစ်ပါဘူး Koo က ဒီတိုင်းမေး
ကြည့်တာပါ "

" မပါဘူး "

ပါးစပ်က ပါလည်းဘာမှ မဖြစ်ပါဘူး ပြောလိုက်ပေမယ့် ရင်ထဲမှာတော့ မပါစေချင်..တဖက်ကဖြေလိုက်တဲ့ အဖြေကြောင့် မျက်နှာက အော်တို ပြုံးလိုက်မိတယ် လိုချင်တာကတော့ အဲ့အဖြေပါပဲ..

ခုဆို သူတို့နှစ်ယောက်က Luxury speedboad ပေါ်မှာ နှစ်ယောက်ထဲသာ..သူတို့ကိုလိုက်ပို့တဲ့ လှေငယ်လေးကလည်း ပြန်လှည့်သွားပြီ..သူတို့ရဲ့ speedboad ဟာလည်း စတင်၍ ပင်လယ် ထဲသို့မောင်းထွက်လာခဲ့ပြီ..ကမ်းမမြင်လှမ်းမမြင် ပယ်လယ် အနက်ပိုင်းသို့ရောက်မှသာစက်ရပ်လိုက်ပြီး

" သဘောကျလား Koo "

လှေဦးခေါင်းမှာ မက်တက်ရပ်ကာ ပင်လယ်လေကို တဝကြီး အရင်ဆုံးရှုရှိုက်နေတဲ့ Koo.. အနောက်ကနေ သိုင်းဖတ်လိုက်ကာ မေးလိုက်တဲ့ Taehyung..

I Hate You But I Love You (complete)Tahanan ng mga kuwento. Tumuklas ngayon