မနက်စောစော အလုပ်ကိစ္စ နဲ့ခရီးထွက်ရမှာ
ကြောင့် တယောက်ထဲကျန်ခဲ့မယ့် Koo လေးကို မှာစရာရှိတာတွေမှာနေရတယ်..ပြောရမယ်ဆို လိုက်လာစေချင်တာ..koo လေးကလည်း ကျောင်း မပျက်ချင်ဘူးဆိုလို့လေ..အဲ့ဒါနဲ့ စိတ်မချခြင်းများစွာနဲ့ ထားခဲ့ရတယ်..
" Koo လေး ဦးနဲ့ လိုက်ခဲ့ပါလား ဟန်နီးမွန်းခရီးအဖြစ် လျှောက်လည်ကြရအောင်လေ "
" ဦး ကလည်း Koo က ကျောင်းရှိသေးတယ် "
"ဒါဆိုလည်း Koo တယောက်ထဲ အဆင်မပြေရင် omma တို့စီမှာသွားနေနော် "
"ဟုတ် ဦး "
" အလုပ်တွေမြန်မြန်လက်စသပ်ပြီး ပြန်လာခဲ့မယ်နော် "
" ဟုတ် "
"ပြွတ် ချစ်တယ် Koo လေး "
" ချစ်တယ် ဦး "
မနက်ပိုင်း အစည်းအဝေးအမှီ ဂျပန်အရောက် ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့ ထွက်လာခဲ့လိုက်တယ်..
ရောက်ထဲက လုပ်လိုက် ရတဲ့အလုပ်..အင်းလေ က်ိုယ်ဘာသာလောဘကြီးပြီး စီးပွားရေးကို ဂျပန်မှာပါ ချဲ့ထွင်လိုက်တာလေ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့..
ညနေလောက်မှာ တချို့တဝက်တော့လုပ်ပြီးပြီ အနဲဆုံး 2ရက်လောက်ကြာအုံးမှာလေ..
တနေကုန် ကုမ္မဏီ ထဲ လှည့်ပတ်စစ်ဆေးတယ်.
ပစ္စည်းစက်ရုံကိုလည်းသွားပြီး သူဌေးပီပီ စစ်ဆေးရသေးတာပေါ့..Yoongi ကလည်း ပါမလာတော့ အရာရာ ကိုယ်တယောက်ထဲကသာ ဦးဆောင်နေရတယ်..
အလုပ်တွေလုပ်ရင်း အိမ်က Koo ကို သတိရလို့လာပြန်တယ်..ဒီလောက်အလုပ်ရှုတ်နေတာတောင် သတိက ရဖြစ်အောင်ရသေးတာ..
ညနေစောင်း ရုံးခန်းထဲပြန်ရောက်မှပဲ ခဏအနားယူရင်း သတိရနေတဲ့ကောင်လေးစီ ဖုန်းခေါ်လိုက်တယ်..
ခုချက်ချင်းခေါ် ခုချက်ချင်းကိုင် လိုက်တဲ့
ကောင်လေး.ဦးဖုန်းများစောင့်နေသလား Koo ရယ်..you are the course of my euphoria..
" Hello ဦး "
"Koo လေး ဘာလုပ်နေလည်း "
" Koo စာလုပ်နေတာ ဦး.. ပြီးတော့..."
"ပြီးတော့ ဘာဖြစ်လည်း Koo "