19

5K 183 5
                                    

" Koo ရေ ပြီးသေးဘူးလားကွာ ကြာလိုက်တာ ဘာတွေဒီလောက်ပြင်နေတာလည်း..ဒီတိုင်း အိပ်ယာထဲက ထလာရင်တောင် ဦးရဲ့ Koo က ချစ်စရာအကောင်းဆုံးပဲဟာကို မြန်မြန်လာတော့ကွာ "

အိမ်ထောင်ကျပြီးထဲက အပြင်တူတူလျှောက်မလည်ဘူးတာကြောင့် တူတူ အပြင်သွားကြမလို့ Taehyung မှာ အလုပ်နားကာ Koo လေးကျောင်းပိတ်ရက်မှာ လျှောက်လည်ဖို့စီစဥ်ထားကြသည်...

အားလုံးအဆင်သင့်ဖြစ်ကာ ဧည့်ခန်းမှာ သတင်းစာဖတ်ရင်း အပေါ်မှာ ပြင်လို့မပြီးသေးတဲ့ Koo လေးကို မကြားတကြားလေး လှမ်းအော်ပြောနေတဲ့ Taehyung..

Taehyung ရဲ့ အသံကိုကြားတော့ မြန်မြန်ပြေးဆင်းလာတဲ့ Koo..Koo ပြေးဆင်းလာတာကို မြင်တော့ ထိုင်နေရာကနေထကာ လှေကားထိပ်မှာစောင့်နေလိုက်တယ်..

အရှိန်နဲ့ပြေးဆင်းလာတဲ့ Koo သုံးထစ်လောက်အလိုမှာ ကိုယ့်ခြေထောက်ကိုယ်ပြန်ခလုတ်တိုက်ပြီး အရှေ့ကို မှောက်လျက် ပြုတ်ကြတော့မယ် အခြေအနေမှာ လှေခါးရင်းက Taehyung မှာ မြန်မြန်ပြေးဖမ်းရသေးတယ်

အင့်

" Koo လေး ဟူးးတော်သေးတယ် ဦးရှိလို့ပေါ့ မဟုတ်ရင်တော့ နော် "

" ဦးက မြန်မြန်လာလို့အော်နေတာကို "

" ဟုတ်ပါပြီ ဦးလောမိလို့ ဘယ်နားနာသွားသေးလည်း "

" ဟင့်အင်း လာသွားကြမယ် ဦး "

ဂျင်းဘောင်းဘီ မိုးပြာရောင်လေးနဲ့ အကျီအဖြူလေးသာ ဝတ်ထားတဲ့ koo. ကြည်လင်တဲ့ အသားအရည်ရှိတဲ့ Koo က အဖြူလေးများဝတ်လိုက်ရင် တကယ်ကို ယုန်ပေါက်စလေး တကောင်လိုပင်..ကျွန်တော်က တော့ ပုံမှန် ဝတ်နေကြ Suit အပြည့်နှင့်သာ..ခုပုံစံက မသိရင် သားဖတွေကြနေတာပဲ...

ပထမဆုံး ကျွန်တော်တို့တွေ မနက်စာ စားဖို့ DNA Hotel ကို အရင်ဆုံးထွက်လာခဲ့တယ်..Hotel ရောက်တော့ ကျွန်တော် Koo ရဲ့ လက်ကလေးကို ဆုတ်ကိုင်လိုက်တော့ မျက်လုံးလေး အဝိုင်းသားနဲ့ ပြုံးပြလာတဲ့ Koo..

အင်းလေ သူအံ့သြသွားမှာပေါ့..ဘာလို့ဆို ကျွန်တော်တို့တွေ ဒီလိုတခါမှ မသွားဘူးတာကို..မနက်စာ စားပြီးတော့ Shopping ထွက်ရတာကြိုက်တဲ့ Koo လေး လိုချင်တာမှန်သမျှ လိုက်ဝယ်ပေးဖို့ mall ကို ထွက်လာကြပြန်တယ်..

I Hate You But I Love You (complete)Where stories live. Discover now