1

22.9K 527 43
                                    

" အမေတို့ကလည်း မဖြစ်နိုင်တာဗျာ "

" မဖြစ်နိုင်လို့မရဘူးသား အမေတို့က အမေတို့ သူငယ်ချင်းနှစ်ယောက်ကို ကတိအထပ်ထပ်ပေးခဲ့တာသား အမေတို့ကတိလုံးဝမဖျတ်နိုင်ဘူး "

"အမေတို့ ကတိပေးခဲ့တဲ့ သူငယ်ချင်းတွေက သေသွားပြီလေ ကတိမတည်လည်း ဘာဖြစ်လည်း "

" ဟာ သားမင်းအဲ့လိုပြောတာတော့ အဖေလုံးဝမကြိုက်ဘူး လူဆိုတာ ကိုယ်ပေးခဲ့တဲ့ ကတိကို တည်ကိုတည်ရတယ် "

"အဖေတို့ ပေးခဲ့တဲ့ ကတိနဲ့ သားနဲ့ မဆိုင်ဘူးလေ အဖေတို့ဘာသာ ကတိတည်ချင်ရင် မွေးစားလိုက် သားကတော့လုံးဝ လက်မထက်နိုင်ဘူး ပြီးတော့ ကိုယ်ထက်အများကြီး ငယ်တယ် ကလေးလေးနဲ့ သားအပေါင်းအသင်းတွေကြားမျက်နှာဘယ်နားသွားထားရမလည်း "

" Kim Taehyung ငါစိတ်မတိုချင်ဘူးနော် မင်း ငါ့အကြောင်းသိတယ်မဟုတ်လား ငါက လက်ထက်ဆို လက်ထက်လိုက် ဘာမှ လျှာမရှည်နဲ့ ဒါပဲ "

" အမေ! !!"

" တိတ် !!!"

Kim Taehyung တယောက် သူအမေရဲ့ အော်သံအဆုံးဘာမှ ဆက်မပြောနိုင်တော့ ..

ဟုတ်ပါတယ် သူငြင်းနေတာက သူ့အသက် 32 မှာ သူထက် 10 နှစ်လောက်ငယ်တဲ့ ကလေးလေးတယောက်နဲ့ သူ့ကို လက်ထက်ပေးမှာ မလို့ပါ..

ထိုကလေးလေးမိဘတွေကလည်း ကားတိုက်မှု
ကြောင့် ဆုံးသွားတာမှ မကြာသေးဘူး..

ဒီလိုတွေမဖြစ်ခင်ထဲက စီစဥ်ထားကြပေမယ့် ဒီလိုတွေဖြစ်လာခဲ့လို့ ပိုလို့တောင် လက်ထက်ဖို့က နီးကပ်သွားခြင်းဖြစ်သည်..

တကြိမ်တခါမျှတောင် မမြင်ဘူးတဲ့ ကလေးလေးတယောက်ကို လက်ထက်ရမည်မှာ Kim Taehyung လို CEO Playboy ကြီးအတွက် နွေခေါင်ခေါင် မိုးကြိုးအဆင်း 100 လောက်ပြစ်ခံရသည့်အလား..
....

ကျွန်တော် မနက်စောစော အလုပ်သွားဖို့ အိမ်ပေါ်က ဆင်းလာတော့..omma ရဲ့ ခေါ်သံကြောင့်
ဧည့်ခန်းဘက်ကိုလျှောက်လာခဲ့လိုက်ပြီး ဆိုဖာမှာ ဝင်ထိုင်လိုက်တော့ အရှေ့မှာ ထိုင်နေတဲ့ ဖြူဖြူလုံးလုံးကလေးလေးတယောက်..

အိမ်ကိုများ အမေသူငယ်ချင်း ဧည့်သည်လာလို့ များလား.. သူတို့ရဲ့ ကလေးလို့ပဲ ထင်ခဲ့မိတာ အမေ မိတ်မဆက်ပေးခင်ထိပေါ့.

I Hate You But I Love You (complete)Where stories live. Discover now