4

5.6K 298 10
                                    

ဧည့်ပရိတ်သက်များစွာရဲ့ ရှေ့မှာ ဒီလို ကလေးတယောက်နဲ့ မဂ်လာဆောင်ရမယ်လို့ လုံးဝမထင်ထားတာ.

လာသမျှလုပ်ငန်းရှင်တွေကလည်း ကိုယ်နဲ့ အလုပ်တူတူလုပ်တဲ့ သက်တူရွယ်တူတွေများသလို အသက် ကြီးပိုင်း တွေလည်းပါသည်.

ယုန်စုတ်ဘက်ကတော့ ဆွေမျိုးတွေလောက်သာ လာကြသည်..ကျွန်တော်ဘက်ကတော့မိတ်ပိုများတာပေါ့ဗျာ..

မဂ်လာပွဲအစမှာ ဖာသာရှေ့ ရပ်နေတဲ့ ကျွန်တော် မဂ်လာတီးလုံးအတူ သူဦးလေးလက်ကိုတွဲလို့ ဝင်လာတဲ့ ယုန်စုတ်..အသားကဖြူပါတယ်ဆိုမှ မဂ်လာဝတ်စုံကို အဖြူရောင်ရွေးတဲ့ ယုန်စုတ် ခုတော့တကယ်ကို ယုန်ပေါက်စရုပ်နဲ့..အမဲရောင်ဝတ်ရင်တောင် နည်းနည်းလောက်ရုပ်လေးရင့်သွားရင်တော်သေးတယ်..ခုတော့တကယ့်ကို အလယ်တန်းကျောင်းသားရုပ်နဲ့ ဆွဲစောင့်ချင်စရာ..

အဖြူရောင်လျှောက်လမ်းတလျှောက် လျှောက်လာကာ ကျွန်တော်နားရောက်လာပြီး သူ့ရဲ့လက်ကို လွဲပြောင်းပေးသွားတဲ့ သူ့ဦးလေးဖြစ်သူ..

" သား Taehyung ဦးတူလေးကို ဂရုစိုက်ပေးပါနော် "

" ဟုတ်ကဲ့ ခင်ဗျ "

ဘာလည်း ဘာစကားလည်း ဘာလို့ဂရုစိုက်ရမှာလည်း.. ကိုယ့်ဘာသာ အိမ်ခေါ်ပြီးဂရုစိုက်ကြပါလား..ကျွန်တော်လက်ထဲ ထည့်ပြီး ဘာလို့ဂရုစိုက်ခိုင်းနေကြတာလည်း..မသိရင် ကလေးထိန်းကျနေတာပဲ..Kim Taehyung ဘဝကြီးက အသက် 30 ကျော်မှ ကမောက်ကမတွေပါလား..

အတွေးထဲမျောနေလိုက်တာ ဖာသာရဲ့ ကတိစကားတောင်မကြားလိုက်မိ. အောက်က နေ ဧည့်ပရိတ်သက်တွေကလည်း တိတ်ဆိတ်နေသလို..အရှေ့က ယုန်စုတ်ကလည်း မျက်ရည်ဝဲနေတော့မှ အသိပြန်ဝင်လာတယ်..

" သတိုးသား Kim Taehyung သတိုးသား Jeon Jungkook ကို သက်ဆုံးတိုင်းရိုးမြေကျ ပေါင်းသင်းနေထိုင်သွားမှာပါလား "

" ဟုတ်ကဲ့ ပေါင်းသင်းသွားမှပဲ "

ကျွန်တော်ဖြေလိုက်တော့မှ ပရိတ်သက်တွေ စီက သက်ပြင်းချသံကိုကြားလိုက်ရတယ်..

"သတိုးသား Jeon Jungkook ကရော သတိုးသား Kim Taehyung ကို သက်ဆုံးတိုင်းရိုးမြေကျ ပေါင်းသင်းနေထိုင်သွားမှာပါလား "

I Hate You But I Love You (complete)Donde viven las historias. Descúbrelo ahora