14

5.9K 228 3
                                    

ခုချိန်ထိ အိပ်ဖို့စောင့်နေတာကို အခန်းထဲရောက်မလာသေးတဲ့ Koo ကြောင့် ကျွန်တော် မှာ အိပ်လို့မပျော်သေး.ကျောင်းဖွင့်ရက်ဖြစ်တာကြောင့် ကုမ္မဏီကိုခေါ်သွားလို့ကလည်းမရ.

တနေ့ကုန်မြင်ချင်လှတဲ့မျက်နှာလေးက. ထမင်းတူတူစားတုန်းကခဏလောက်ပဲမြင် ရသေးတယ်.ကြည့်လို့ကမဝသေးဘူး.အသံလေးကိုလည်း နားထောင်လို့မဝသေးဘူး.

.တနေကုန်ပင်ပန်းထားတာကြောင့် အနားမှာ ရှိစေချင်တယ်..ခုဆို ကိုယ့်နားမှာ koo လေး လာမအိပ်မချင်း မအိပ်တက်တော့တဲ့ အဖြစ်.ခုက မနက်ဖြန် စာမေးပွဲရှိတယ်ဆိုလို့သာ ခွင့်ပြုထားတာ လူက နေမထိ ထိုင်မသာ ဖြစ်နေပြီ.. ပြောရမယ်ဆို တခုခုလိုအပ်လာတာပေါ့ဗျာ..

နေလို့မရမယ့် အတူတူ တယောက်ထဲ နေမယ့်အစား စာလုပ်နေတဲ့ Koo လေး ဘေးနားဖြစ်ဖြစ် သွားနေပြီး ထိုင်ကြည့်နေတော့ မယ်လို့သာ စဥ်းစားလိုက်ပြီး အောက်ထပ်က စာကြည့်ခန်းကို ဆင်းလာခဲ့လိုက်တယ်..

အခန်းတံခါးကို အရင်ခေါက်ကာ တံခါးဖွင့်ပြီး ဝင်လာလိုက်တော့ ဘယ်လောက်တောင်စားထဲ စိတ်ရောက်နေလည်း မသိ ကျွန်တော်ဝင်လာတာတောင်မသိသေးဘူး.. စာကုန်းလုပ်နေတဲ့ Koo လေးရဲ့ အနောက်မှာ ရပ်လိုက်ကာ ဖြူဖြူဖွေးဖွေး ဂုတ်သားလေးကို အနမ်းဖွဖွလေးပေး လိုက်တော့မှ အလန့်တကြား ထအော်လာတယ်

" omma! !! ဟာ ဦးရာ လန့်သွားတာပဲ မအိပ်သေးဘူးလား ဦး ဒီနေ့ပင်ပန်းလာတယ်ဆို "

" အင်းဟုတ်တယ် ဒါပေမယ့် အမောပြေဆေးလေးက အနားမှာ မှ မရှိတာ ဘယ်အိပ်ပျော်ပါ့မလည်း"

" Koo လည်း စာတွေအများကြီး ကြည့်ဖို့ကျန်သေးလို့ပါ "

" Koo က ဦး ထက်စာကို ဦးစားပေးတာပေါ့လေ "

" ဟွန်းး ကပ်သီးကပ်သက်နော် ဦး ..စာကစာ ဦးကဦးလေ "

ထိုင်နေတဲ့ ကျွန်တော်ရဲ့ ပခုံးပေါ် အရပ်ရှည်ကြီးနဲ့ ခါးကြီးကုန်းကာ လာချွဲနေတဲ့ ဦးကြောင့် ကျွန်တော် ရီချင်မိတယ်

" ခဏလောက်လေးပဲ ဖြစ်ဖြစ်ကွာ ဖတ်ထားချင်တယ် Koo ရဲ့ အနံ့လေးကို ရှုပြီး အိပ်ချင်လို့ပါကွာ "

I Hate You But I Love You (complete)Tempat cerita menjadi hidup. Temukan sekarang