25

3.6K 173 4
                                    

Koo နဲ့ ပြသာနာ ဖြစ်ခြင်းရဲ့ မှုလအရင်းအမြစ်က ခုချိန်ထိအခန်းထဲမှာ ရှိနေသေးတဲ့  soyoon ..

အခန်းထဲသို့ ခြေလှမ်းကြဲကြီးတွေနဲ့ လျှောက်လာကာ တံခါးကို တွန်းဖွင့်လို့ ဝင်လာခဲ့ပြီး အားနဲ့ စောင့်ပိတ်လိုက်တာကြောင့် အခန်းထဲမှာ ထိုင်နေတဲ့ soyoon မှာ တုန်တက်သွားခဲ့သည်..

" ပြော မင်းလုပ်ထားတဲ့ ကိစ္စတွေ "

"Taehyung ငါတို့တွဲရအောင် "

"ဘာ နင်ရူးနေလား ငါနင့်ကို သူငယ်ချင်းအနေနဲ့ ဒီလောက်ထိ စကားပြောနေတာနော် "

"ဟိုနေက ကိစ္စကရော "

" ဘာ "

" အဲ့နေ့က ငါတို့ ဘာဖြစ်ခဲ့လည်း နင်မမှတ်မိဘူးလား"

" ဘာကို မှတ်မိရမှာလည်း ငါတို့ဘာမှ မဖြစ်ခဲ့ဘူး "

"နင်ဒီလောက် အမှုးလွန်နေတာကို ဘယ်မှတ်မိမလည်း ငါ နင့်ကို ဓာတ်ပုံပို့ပေးလိုက်မယ် ကြည့်လိုက်ပါအုံး ဓာတ်ပုံထဲမှာ နင် နမ်းထားလို့ ရတဲ့ မာကင်ရာတောင်ပါသေးတယ် "

"ဘာ !!!"

"ငါသွားတော့မယ် နော် "

"တောက်! !!"
....

အဲ့ဒီနေ့က ဒုတိယအကြိမ် သူငယ်ချင်းတွေ တွေ့ဆုံခဲ့ကြတာ ဒီတခါ koo လေးတော့ပါမလာခဲ့.ဟိုကောင်တွေတော့ရှိနေခဲ့တယ်.

Hotel ရဲ့ bar မှာ သောက်စားကြရင်း ကျွန်တော် Toilet သွားဖို့ထွက်လာခဲ့တယ်..Toilet က အပြန်မှာ ဘာဆက်ဖြစ်လည်း ကျွန်တော်တခု မှစဥ်းစားလို့မရတော့ဘူး..

ကျွန်တော် နိုးလာတဲ့ ချိန်မှာ ကျွန်တော် အခန်းတခုထဲရောက်နေတာပဲ အဲ့တာနဲ့ အမှုးလွန်ပြီး အခန်းငှားပြီး အိပ်ခဲ့တယ်ထင်ခဲ့တာ..ခုက မဟုတ်ဘူးလား..

ဟိုကောင်တွေကို ဖုန်းဆက်ခေါ်ထားတာကြောင့် နားရက်ဖြစ်တဲ့ Yoongi ကလည်း အလုပ်ကို ရောက်လာပြီး hobi လည်း ရောက်လာခဲ့တယ်..

ကျွန်တော်သူတို့နှစ်ယောက်ကို ဖြစ်ကြောင်းကုန်စဥ်ရှင်းပြလိုက်တော့..

yg" မင်းနည်းနည်းလေးတောင်မမှတ်မိဘူးလား "

"အင်း "

I Hate You But I Love You (complete)Onde histórias criam vida. Descubra agora