အိမ်ရှေ့မှာ ကားကို ဖြစ်သလို ရပ်လိုက် တဲ့ Taehyung ကားစက်တောင်မသက်နိုင်ခဲ့ အိမ်ထဲ ကို အလောတကြီး ပြေးဝင်လာခဲ့တယ်..တံခါးဖွင့်ဖွင့်ခြင်း မှာပင် မြင်တွေ့လိုက်ရတဲ့ ဧည့်ခန်းမှာ လဲကျနေတဲ့ Koo..အနားကိုပြေးသွားကာ ပွေ့မလိုက်တဲ့ ချိန်မှာ ပျော့ခွေနေတဲ့ Koo ရဲ့ ခန္နာကိုယ်လေးဟာ Taehyung လက်ထဲသို့ အလိုက်သင့်ပါလာလို့နေသည်..
Taehyung ကြည့်လိုက်တဲ့ ချိန်မှာ လည်ပင်တဝိုက်ရောင်ရမ်းကာ အင်ပြင်တွေလို အနီကွက်တွေဖြစ်နေတာကြောင့် ဓာတ်မတည့်တာ စားမိလို့ဖြစ်တယ်ဆိုတာသိသွားတဲ့ Taehyung.
တခါထဲ ပွေ့ချီကာ ထွက်လာဖို့လုပ်လိုက်တဲ့ ခြျိနျမှာ အမှတ်မထင်လှမ်းတွေ့လိုက်တဲ့ စားပွဲပေါ်က ကော်ဖီခွက်နှစ်ခွက်နဲ့ ကိတ်မုန့်ပန်းကန်နှစ်ခု..တဖက်က Koo လေးသောက်နေကြ ကော်ဖီခွက်လေးကြောင့် သူရှေ့တည့်တည့် က ကိတ်မုန့်ကို ယူစားလိုက်တဲ့ Taehyung..ပါးစပ်ထဲ အရသာခံရင်း Koo ကို ပွေ့ချီကာ ကားပေါ်တက်လိုက်ပြီးဆေးရုံစီသို့ မောင်းထွက်လာခဲ့သည်...
အရေးပေါ်စင်တာရောက်
" ဆေးရုံအုပ်သွားခေါ်လာခဲ့ "
N " ဒီမှာ အခြားဆရာဝန်တွေရှိပါတယ် "
" ငါပြောနေတာ နားမလည်တာလားး ခုချက်ချင်းဆေးရုံအုပ်သွားခေါ်လာခဲ့!!!! "
N " ဟို လေ လူနာရှင် "
" ငါ့ ကလေး တခုခုဖြစ်လို့ကတော့ မင်းတို့အပါအဝင် မင်းတို့ဆေးရုံပါ ဒီတိုင်းထားမယ်မထင်နဲ့ အခုချက်ချင်းဆေးရုံအုပ်ကို သွားခေါ်လာခဲ့ Kim Taehyung ခေါ်နေတယ်လို့ပြောလိုက်!!! "
N "ဟုတ် ဟုတ်ကဲ့ "
အရေးပေါ် စင်တာထဲ Taehyung ရဲ့ အသံမှာ ဟိန်းထွက်နေပြီး..အသံပါဝါနဲ့ စကားလုံးတိုင်းက တဖက်လူကို တုန်လှုပ်သွားစေသည်..
အရေးပေါ်ကုတင်ပေါ် လဲလျောင်းနေတဲ့ Koo လေးဟာ ဖြူစွတ်ကာ သွေးပင်မရှိတော့သလို..Kim Taehyung ဆိုတာနဲ့ အပြေးအလွှားရောက်ချလာတဲ့ ဆေးရုံအုပ် ကုတင်ပေါ်က လူနာကို မြင်လိုက်တာနဲ့ ဘယ်လောက်အရေးကြီးတဲ့ လူနာဆိုတာ သိလိုက်ပြီလေ..
" ဓာတ်မတည့်တာ မြေပဲ မြေပဲဓာတ်မတည့်တာ စားမိလို့ အမျာကြီးမဟုတ်ဘူးး နဲနဲလေး ဒါပေမယ့် ဘာလို့ ခုလောက်ဖြစ်ရတာလည်း "