Final🔞

10.1K 251 34
                                    

ဗိုက်ပူလေးဟာလည်း တနေ့တခြား ပိုပို ချစ်ဖို့ကောင်းလာသလို..Taehyung မှာလည်း ပိုတိုးလို့လာတဲ့ အချစ်တွေနဲ့သာ နှစ်ဦးသား တူတူ ဖြတ်သန်းလို့လာလိုက်တာ ခုဆို မွေးခါနီး အချိန်တောင်ရောက်လို့လာပြီ..

" ယောကျား "

မနက်ဖြန်အတွက် ရင်ခုန်လို့နေတဲ့ Koo လေးမှာ Taehyung ရဲ့ ရင်ခွင်ထဲ အိပ်နေတာတောင် ခြေဖျားလက်ဖျားလေးတွေအေးလို့.. သဘာဝအတိုင်း ဗိုက်နာမှ မွေးမယ်လို့ဆိုတဲ့ Koo နဲ့ Koo လေးအဲ့လိုနာတာကို မကြည့်ရက်ဘူးလို့ဆိုလာတဲ့ Taehyung တို့မှာ အဲ့ကိစ္စကြောင့် အတိုက်အခံစကားများခဲ့ရသေးတယ်..ဒီတခါတော့ လုံးဝအလျော့ပေးမလာတဲ့ Taehyung ကြောင့် Koo မှာ Taehyung သဘောအတိုင်းသာ တပတ်ကြိုစောမွေးဖို့ဆုံးဖြတ်လိုက်ရတယ်..

" Koo ရင်တွေခုန်နေတာလား "

" ဟုတ် ယောကျား ပြီးတော့ Koo ကြောက်တယ် "

" ဘာမှမကြောက်နဲ့ Koo နားမှာ ယောကျားရှိနေပေးမယ် ဆရာဝန်နဲ့ ပြောထားပြီးပြီ Koo လေး ခွဲခန်းဝင်တဲ့ချိန် ယောကျားပါ အနားမှာနေပေးလို့ရအောင် "

" ဒီမှာ အဲ့လိုလုပ်လို့ရလား "

" ဒီယောကျားက မရလည်း Koo လေးအတွက်ဆို အကုန်ရအောင် လုပ်ပေးမှာမလို့ အားရှိအောင်စောစောအိပ်တော့ ယောကျားဖက်ထားပေးမယ် "

" ဟုတ် ယောကျား "

" ချစ်တယ် Koo "

" ချစ်တယ် ယောကျား "

ရင်ခွင်ထဲက Koo လေးကို အနောက်ကနေသိုင်းဖက်ထားပြီး ဗိုက်ကလေးကို ပွတ်ပေးလို့နေတဲ့ Taehyung..

ခဏလောက်အကြာမှာ ဟောက်သံ သဲ့သဲ့လေးတွေထွက်လာပြီး ခုဏအေးနေပါတယ်ဆိုတဲ့ လက်ကလေးတွေကလည်း နွေးသွားကာ စိတ်သာယာရကာ အိပ်ပျော်လို့သွားတဲ့ Koo..

Taehyung မှာတော့ ပြုံးပြုံးကြီးနဲ့သာ အိပ်မပျော်ခဲ့ သူလည်းပဲ Koo နဲ့ထပ်တူရင်ခုန်လို့နေတာကြောင့်ပင်..
....

ခွဲခန်းတခုထဲ ခန္တာကိုယ် အောက်ပိုင်းက ထုံဆေးပေးခံထားရကာ မလှုပ်ရှားနိုင်ပဲ ရင်သွေးလေးအတွက် တိုက်ပွဲဝင်နေပေမယ့်..

အပေါ်ပိုင်းကတော့ ချစ်ရသူရဲ့ မျက်နှာလေးကို ကြည့်နေကာ ချစ်ရသူရဲ့ အားပေးစကားတွေနားထောင်ရင်း အားအင်တွေပြည့်ဝလို့နေတဲ့ Koo..

You've reached the end of published parts.

⏰ Last updated: Aug 07, 2023 ⏰

Add this story to your Library to get notified about new parts!

I Hate You But I Love You (complete)Where stories live. Discover now