35

3.2K 138 4
                                    

နောက်ရက်ဆို ကျောင်းလည်းပြန်ဖွင့်တော့မှာကြောင့် ဆေးရုံမှာ တပတ်လောက်ကောင်း ကောင်း အနားယူစေလို့ အနားယူနေရတဲ့ Koo.

ဆေးရုံမှာ တက်နေရတဲ့ တပတ်အတောအတွင်းမှာလည်း ဘာမှဖြစ်တာမဟုတ်ပဲ အကဲပိုနေတဲ့ ဦး က သေးပေါက်တာတောင် အနောက်က တကောက်ကောက်လိုက်လို့နေတာ..

ထမင်း လည်းသူခွံကျွေးတယ် ရေတောင် ပိုက်နဲ့သောက်ရတာမျိုး..ဒါကြီးကလေ မချစ်ပါဘူးဆိုပြီး အသဲအသန်ငြင်းခဲ့တဲ့ ဦး မှ ဟုတ်လေစွ..

တခါတလေ အဲ့တုန်းက အခြေအနေကိုပြန်စဥ်းစားကြည့်တော့လည်း ရီချင်စရာပဲ..ခုများ တော့ ကျွန်တော်ကို သူများခိုးသွားမှာကြောက်နေတဲ့ လူကြီးလိုပဲ အနားမှာ အရိပ်တကြည့်ကြည့်နဲ့ကို သဲကဲနေတာ မြင်မကောင်းဘူး..

ဒီလောက်ဆို နှစ်ယောက်ထဲထက်မိသားစုလေး တစုကိုကျွန်တော်လိုချင်လာခဲ့တယ်..ကျွန်တော်စာတွေမှာ သင်ထားသလောက်ဆို ဦး နဲ့ ကျွန်တော်ရဲ့ ကလေးကို ယူလို့ရမှာသေချာတယ်..

ဦးနဲ့တူတဲ့ သားလေးတယောက်လောက်တော့ ကျွန်တော်လိုချင်မိတယ်..မိသားစုဆိုတာလေးကို ကျွန်တော် ဦးနဲ့ တူတူ ခံစားကြည့်ချင်မိတယ်..

ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်မလည်း..ဒါပေမယ့် ဦးလက်ခံပါ့မလား..ဦးသဘော တူပါ့မလား.. ဘာပဲဖြစ်ဖြစ် ဦးသာ သဘောမကျဘူးလို့ တခွန်းပြောလိုက်ရင်တော့ ကျွန်တော် နောက်ဆုတ်လိုက်မှာပါ..ဦးကို အရမ်းကြီး စိတ်ဖိအားမပေးချင်လို့လေ...

ခုတော့ အိမ်ကိုပြန်ရောက်လာကာ အိမ်ရှေ့ဆိုဖာမှာ မှီကာ ထိုင်နေတဲ့ Taehyung ရဲ့ ခါးကို ဖတ်ကာ ရင်ဘက်ကိုမှီလို့ နေတဲ့ Koo လေး..ဒီပုံစံတိုင်းဆို တခုခု ပူဆာဖို့ ပြင်နေပြီဆိုတာ အလိုလို သိနေတဲ့ Taehyung..

" ဘာလိုချင်တာရှိလို့လည်း Koo"

ကျွန်တော် အလိုက်တသိမေးလိုက်တော့ ​ဖတ် ထားရာကနေ ထထိုင်လိုက်တာ Koo..မျက်ဝန်းလေးတွေကအရောင်လှည့်လို့..

" ယောကျားးး "

ဟော လိုချင်တာက ဘယ်လောက်တောင်စျေးကြီးနေလို့ပါလိမ့် ခေါ်လိုက်တဲ့ အသုံအနှုန်းကို
ကြည့်တာနဲ့ ဒီလောက်ဆို သိလိုက်တော့ Kim Taehyung ရေ..

I Hate You But I Love You (complete)Hikayelerin yaşadığı yer. Şimdi keşfedin