အပိုင်း (၆)

4.1K 104 2
                                    

Unicode

လရိပ်လွန်းသူ့ကို ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ ထို့နောက် မိုးရိပ်သွင်က သူတို့ကို နေလည်စာစားဖို့ရန် ( )လမ်းက ထိုင်းအစားအစာရောင်းသည့် ဆိုင်သို့ခေါ်သွားသည်။ ဆိုင်ရောက်တော့မှာစရာရှိတာမှာကြပြီးနောက် လင်းရှိန်ခန့်က စကားစပြောသည်။

"အမှန်တော့ကိုယ်လွန်းကို မနေ့ကညနေက လွန်းတို့ကုန်တိုက်ကအရုပ်ဆိုင် မှာတွေ့ခဲ့သေးတယ်"

"မနေ့ကလား အင်း လွန်းမှတ်မိပြီ လွန်းလူတစ်ယောက်နဲ့ အရုပ်ဆိုင်ရှေ့မှာ တွေ့ခဲ့တယ် အဲ့တာကိုလင်းရှိန်ခန့်ပေါ့ "

သူမသူ့ကိုမှတ်မိရဲ့သားနဲ့ မသိသလိုလုပ်လိုက်သည်။

"ကိုလင်းရှိန်ခန့်တို့က တွေ့ဖူးကြပြီကိုးး"

မိခြူးကလွန်းကို ဘယ်သူမှမသိအောင် ပြုံးစိစိလှမ်းကြည့်ရင်းမေးတော့ လွန်းသူမကို မျက်စောင်းကလေးမသိမသာလှမ်းထိုးလိုက်၏။

"ဒီလိုလုပ် မိုးတို့စားပြီးသွားရင် ကမ်းခြေသွားရအောင် မနက်ဖြန်နေ့လည် ပြန်လာကြမယ်"

"အင်းကောင်းတယ် ကိုကိုတို့ရောလိုက်ခဲ့မလား"

"အင်းသွားမယ်လေ လူများတော့ကောင်းတာပေါ့ ငလင်းမင်းလိုက်မယ်မလား"

"လိုက်ရမှာပေါ့ "

လင်းရှိန်ခန့်ပြန်ဖြေလိုက်၏။
"ကဲ အဆင်ပြေသွားပြီဆိုတော့ မိုးတို့စားပြီးသွားရင် ( )မှာ နာရီဝက်အတွင်းဆုံကြမယ် အိုခေ?".

မိုးစန္ဒီမှဦးဆောင်ပြောလိုက်သည်။ ထို့နောက်စားသောက်ပြီးသွားတော့ လိုအပ်သည်များ စတင်ပြင်ဆင်ကြတော့သည်။

"အေး မိုးဆွေ ဒီညနေငါ့ကို တင်ပြရမယ့်စာရင်းတွေ ငါ့အီးမေးလ်ထဲပို့ထားပေး ငါအကြမ်းပဲကြည့်ထားမယ် မနက်ဖြန်ညနေမှ စာရွက်တွေနဲ့ပြန်ပြ ပြီးတော့ ငါ့ကို W ကမ်းခြေက Resort မှာ နှစ်ယောက်အိပ်တစ်ခန်း၊သုံးယောက်အိပ်တစ်ခန်း ဘိုကင်ချိတ်ထားပေး အဲ့ဒါပဲ"

နှာရီဝက်ကြာတော့ သူတို့ဆုံရမည့်နေရာသို့ရောက်လာကြသည်။လင်းရှိန်ခန့်က သူ့ကားနဲ့ပဲသွားမည့်အကြောင်း၊ အခန်းဘိုကင်ချိတ်ထားပေးသည့်အကြောင်းပြောလေ၏။

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Nơi câu chuyện tồn tại. Hãy khám phá bây giờ