Unicode
~~~~~~~
စာသင်နှစ် ၂နှစ်တက်ပြီး နောက်ဆုံးတော့ MBAဘွဲ့ကို သူမရရှိခဲ့ပြီဖြစ်သည်။ဒီနေ့သူမတို့ မိသားစု မြန်မာပြည်ပြန်ကြတော့မှာဖြစ်လို့ အပြင်မှာ Dinner သွားစားကြမည်ဖြစ်သည်။"ဒါဒါ လာ လာ"
သမီးက သူမချီထားရင်းနဲ့မှ သူမဒယ်ဒီဆီသွားချင်လာ၍ လက်ယှက်ခေါ်နေလေရဲ။
"ဒယ်ဒီက ကားမောင်းနေတယ်လေ သမီးရဲ့ "
"ဒါဒါ "
လွန်းသမီးကို ပြောတော့ သမီးက သူမဒယ်ဒီအား မျက်လုံးဝိုင်းဝိုင်းကလေးနှင့်ကြည့်နေပါ၏ အဓိပ်ပါယ်က ဒယ်ဒီကားဆက်မောင်းပါပေါ့။
ပန်းကန်ထဲက flap steakအား အပေါ်ယံသာစားပြ၍ Phoneတလုံးနဲ့ အလုပ်ရှုပ်နေသော သူမလေးအား သူနှင့်သူချီထားသောသမီးက ကြည့်ကာ ရယ်နေကြလေရဲ့။
"အချစ် ဝါသနာကလည်း ဝါသနာပေါ့ အစာစားဦး တော်ကြာ အစာလွန်တော့မယ်"
"ဟုတ် ကိုလင်း"
သူသတိပေးမှသာ သူမလေးက သူ့အားပြုံးပြကာ အစားအစာကို အာရုံစိုက်စားတော့သည်။သူတို့ ညစာစားနေတာကို ဓာတ်ပုံရိုက်ထားသော သတင်းထောက်များလည်းရှိခဲ့၏။
နောက်တနေ့ ရောက်တော့သတင်းတွေကပလူပြန်နေပြီဖြစ်သည်။
**Lynn Group ရဲ့ဆက်ခံသူ နှင့်သူ၏ မိသားစု**
*Lynn Group ရဲ့ ဆက်ခံသူ Nicolas လင်းရှိန်ခန့်၏ ဇနီးမှာ Bright Group ၏ အငယ်ဆုံး သမီးလရိပ်လွန်းဖြစ်နေ**
အစရှိသော ခေါင်းစဉ်များဖြင့် သတင်းတက်နေလေသည်။
သူတို့ မြန်မာပြည်ပြန် ဖို့လေယဥ်ကွင်းထဲ လာနေစဥ် သူ၏ PAမိုးဆွေမှ Phoneခေါ်လာသည်။"Ring Ring Ring Ring "
"ပြော မိုးဆွေ"
". .........."
"ဟုတ်လား "
"လွန်း ကိုယ်တို့ သတင်းတွေပေါက်သွားပြီတဲ့ လွန်းဘယ်လိုဖြစ်ချင်လဲ"
"ဒါလိုက်ပါတော့ကိုလင်း နောင်လည်း သိရတော့မှာကို"
"မိုးဆွေ ဘာမှဆက်မလုပ်နဲ့ အေး ဒါပဲ "
သူမလေးရဲ့သဘောထားကို သူကတော့သဘောကျပါသည်။
~~~~~~~~
ŞİMDİ OKUDUĞUN
ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့
Romantizmလရိပ်လွန်း။ ။ ကိုလင်းအတွက်ကရော ကိုလင်းရဲ့အဖိုးတန်ဆုံးကရော ဘာမို့လို့လဲ! လင်းရှိန်ခန့်။ ။ ဟ ကိုယ့်ရဲ့အဖိုးတန်ဆုံးက မင်းလေ မင်းဖြစ်နေလို့ မင်းအနားမှာ ဒီလိုမျိုးတွယ်ကပ်နေတာပေါ့ကွ လရိပ်လွန်း။ ။ ကိုလင်းအခု လွန်းကိုအော်နေတာလား လင်းရှိန်ခန့်။ ။ ဘယ...