အပိုင်း (၁၇)

3.6K 89 0
                                    

Unicode
~~~~~~~

ဒီနေ့ သူမတို့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးကြသည့်နေ့ဖြစ်သည်။လက်ထပ်တာကို သူမဘက်က လျှို့ဝှက်ထားချင်သောကြောင့် ဒီမှာပဲ အကျဥ်းချုပ်လုပ်ကြသည်။ ဦးမင်းသူရိန် နဲ့ ဒေါ်သူဇာသွေးတို့က လက်မခံချင်ပေမယ့် မိုးရိပ်သွင်၏ ဖြောင်းဖျမှုကြောင့် နောက်ဆုံးလက်ခံသွားသသည်။

သို့ရာတွင် သူတို့၏ သားမက်ဖြစ်လာမယ့်သူက လင်းရှိန်ခန့် ဆိုသောနာမည်နှင့် စီးပွားရေးလုပ်သည်ဟုသာ သိထားကြပါသည်။ဦးမင်းသူရိန်ကတော့ သူ့သားမပြောလည်း သူ့သားမက်အကြောင်းကို စုံစမ်းထားသောကြောင့် Lynn Groupက ဆိုတာ သိထား၏ ဒေါ်သူဇာသွေးကမူက မသိသေးချေ။

** အသက်ရှူလိုက်တိုင်း အချစ်တွေတိုးလာတော့မည်** ဆိုတဲ့ Caption အောက်မှာ  သူနှင့်သူမလေးတို့၏လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ထားကြသည့် ပုံဖြင့် သူက တင်ထားသည်။

ပထမမှတ်ချက် "ငါထင်ထားသလိုတော့ မဟုတ်ဘူးမလား"

ဒုတိယမှတ်ချက် "@ပထမမှတ်ချက် အတိအကျပဲ လက်စွပ်က သက်သေ"

တတိယမှတ်ချက် "Captionကိုရှိူး ငါတော့အသည်းကွဲပြီဟယ်"

စတုတ္ထမှတ်ချက် "မိန်းကလေးက ဘယ်သူလဲ လက်ဖမိုးလေးပဲ ပေါ်တာတောင် မိန်းမလှမှန်း သိနိုင်တယ်" သူမတို့၏ စံပုံစံက လက်ထပ်သွားသောကြောင့် မျိုးစုံကာ မှတ်ချက်ပေးကြလေသည်။

လင်းရှိန်ခန့်တို့ လက်ထပ်ပြီး သူမကွန်ဒိုကိုသာ လာနေ၏။ သူမကို နွားနို့တိုက်ရန် အိပ်ခန်းထဲဝင်ရန် တံခါးဖွင့်လိုက်တော့ သူမက အိပ်ယာထဲမှာ ဗိုက်ထဲက ကလေးအတွက် နားထောင်ပေးသင့်သော သံဇဥ်များကို နားကျပ်ကလေးဖြင့် စူထွက်နေသောဗိုက်ပေါ်တပ်ကာ ဖွင့်ထားနေသည်ကို တွေ့ရလေသည်။သူမထံသို့လျှောက်သွားကာ

"အချစ် နွားနို့သောက်လိုက်ဦး"

"ဟုတ်ကိုလင်း"

သူရောက်လာပြီဖြစ်သောကြောင့် သူမဗိုက်ပေါ်က တပ်ထားသော နားကြပ်အားဖြုတ်လိုက်ပြီး နွားနို့ဖန့်ခွက်ကို ယူကာသောက်လိုက်၏။

"မနက်ဖြန် အာထရာဆောင်း ရိုက်ရတော့မယ် ကိုလင်းရင်ခုန်လား လွန်းကတော့ ရင်ခုန်နေပြီ ဟီးးး"

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Wo Geschichten leben. Entdecke jetzt