အပိုင်း(၇ )

3.6K 101 2
                                    

Unicode
~~~~~~~~~

ညဖက်ရောက်တို့ သူတို့BBQ လုပ်စားကြသည်။ ကိုလင်းရှိန်ခန့်က အသားဒိုင်ခံကင်ပေးနေ၏။ မိခြူးနှင့်မိမိုးကလည်း လိုအပ်ရာများကို ကိုယ်စီလုပ်နေကြသည်။သူမက ဘာလုပ်ပေးရရမှန်း မသိ ထို့ကြောင့် ကိုလင်းရှိန်ခန့်အနားသွားကာ ကူညီပေးရန်ဆုံးဖြတ်လိုက်၏။

"ကိုလင်းရှိန်ခန့် လွန်းကူညီပေးမယ်လေ"

"ဟာ ကင်တော့ကင်မပေးလိုက်ပါနဲ့ လွန်းကူညီချင်ရင် ဒီက ကင်ပြီးသားတွေကို ဟိုဝိုင်းမှာသွားချပေး"

သူမအကင်တွေ ကင်ဖို့ရန် ကိုင်လုဆဲဆဲမှာပဲ သူက အသဲအသန်းတားနေလေ၏။ ထို့ကြောင့် သူပြောတာလေးပဲ လုပ်ပေးလိုက်တော့သည်။ကိုကိုကလည်း အခုမှရောက်လာသည် သူ့မိတ်ဆွေဆိုသောသူနဲ့ တစ်ခုခုဖြစ်နေပုံရသည်။ နောက်မှ မေးကြည့်ရဦးမည်။

"ကဲ အခုကတော့ ဂိမ်းကစားရမယ့် အချိန်ရောက်ပါပြီ"

စားပြီးသောက်ပြီးကြတော့ ခြူးခြူးမှ စတင်ပြောဆိုလိုက်သည်။ ဂိမ်းဆိုတော့မှ သူ့ကိုသတိရကာ ကြည့်လိုက်တော့ သူက လွန်းကိုမသိမသာ ကြည့်နေပြီး ခေါင်းလေးမော့ပြသည်။ အဓိပ္ပာယ် က ဂိမ်းကစားကြတော့မယ်ပေါ့။ မသိချင်ယောင်ဆောင်လို့မရမှန်းသိပေမယ့် သူမသူ့ကို မသိချင်ယောင်ဆောင်လိုက်၏။

"ဂိမ်းကစားနည်းက လွယ်ပါတယ် တစ်ယောက်ချင်းစီမေးခွန်းလေးတွေမေးပြီး ဖြေတဲ့လူကဖြေရမယ် ရင်ဆုံး ခြူးမေးမယ် ပြီးတော့ အစ်ကိုမိုးရိပ်ကဖြေရမယ် ပြီးတော့ အစ်ကိုမိုးရိပ် ကပြန်မေး ပြီးတော့ မိုးစန္ဒီ လရိပ်လွန်းနဲ့ ကိုလင်းရှိန်ခန့် အစဥ် လိုက်သွားမယ်နော်"

"အိုခေ"

မိုးရိပ်သွင်က ထောက်ခံလိုက်သည်။

"ဂိမ်းစည်းကမ်းက မေးရမည့်မေးခွန်းသည် နိုင်ငံအသီးသီးက ထိပ်တန်းပုဂ္ဂိုလ်တွေအကြောင်း၊စွန့်ဦး တီထွင်သူတွေရဲ့အကြောင်းနဲ့ ပထဝီဝင်တွေအကြောင်းပဲဖြစ်တယ် အားလုံးအဆင်ပြေကြတယ်မလား"

"ကောင်းပြီ" ×4

ခေါတ်လူငယ်တွေဖြစ်လို့ မေးခွန်းတွေက ပြသနာမရှိကြပါ။ထို့နောက် ဂိမ်းစတင်ပြီး ခြူးခြူးမှ မိုးရိပ်သွင်ကို မေးခွန်းမေးလိုက်သည်။

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့حيث تعيش القصص. اكتشف الآن