အပိုင်း (၂၄)

3.5K 81 0
                                    

Unicode
~~~~~~

"ကိုလင်း သမီးကိုကြည့်ဦး ဟိုမှာ သမင်ရုပ်ပေါ် တက်ခွနေပြီ"

ဒီနေ့ သူမက မိန်းကလေးတိုင်းရဲ့သဘာဝ ဖြစ်စဥ်ကို ခံစားနေရသည်ဖြစ်၍ သမီးအား အချိန်ပြည့်မကြည့်နိုင်သောကြောင့် အလုပ်လုပ်နေသော သူ့အားသတိပေးရသည်။ ထိုအခါ သူက သမီးကိုလှည့်ကြည့်တော့ သမီးက လက်ယှက်ခေါ်ကာ သူ့အားစကားပြောလေ၏။

"ဒယ်ဒီ ရှာ ရှာ နဲ့ဆော့"

"ဒယ်ဒီလာခဲ့မယ် ခဏလေးနော် သမီး"

"ရဝူး ဒယ်ဒီ ရှာ ရှာနဲ့ဆော့ အီးးး"

ဆိုးပေမအငယ်လေးဟာ သူ့အားဂျီကျနေပြီဖြစ်လို့ Laptop မှ လုပ်လက်စ အလုပ်ကိုရပ်ကာ သွားရသည်။

"တိတ်တိတ်နေသမီး မာမီနေမကောင်းဘူး မာမီ့ကိုမသနားဘူးလား"

သူသမီးအား သူမမာမီအားပြကာပြောလိုက်တော့ သမီးကငြိမ်ကာ

"မာမီရားး"

"ဟုတ်တယ် ဟိုမှာ မာမီ့ကိုကြည့် မာမီအိပ်နေပြီ"

ထိုသို့ပြောတော့ သမီးက သူမအနားသို့ လှုပ်တုတ်လှုပ်တုတ်ဖြင့်သွားကာ သူမရဲ့လက်ကလေးကို အာဘွားတွေပေးလေရဲ့။
အမှန်တော့လွန်းမျက်လုံးမိတ်ထားရုံသာ သမီးက လာနမ်းတော့ လွန်းမှာ နာကျင်မှုတွေကြားက အသံတိတ်ရယ်နေရပြန်သည်။

======

မင်္ဂလာဆောင်သည့်နေ့

မှန်ရှေ့တွင် အလှဖန်တီးရှင်တစ်ယောက်က လရိပ်လွန်းအား ခြယ်သပေးနေပါသည်။အားလုံးကလည်း မင်္ဂလာပွဲအတွက် အလုပ်ရှုပ်နေကြပြီး လင်းရှိန်ခန့် ကတော့ ပြင်ဆင်လို့ပြီးပြီဖြစ်လို့ သူ၏ သမီးအား ခေါ်ကာ  လရိပ်လွန်းထံသို့ သွားကြည့်ကြသည်။

သူတံခါးလေးဖွင့်လိုက်တော့ တွေ့ရပါပြီ သူ၏မဟေသီကို၊ Wedding dress ဖြင့် လှချင်တိုင်းလှနေသောကြောင့် သူမှင်သက်မိရပါသည်။

ငေးနေတာ မကြာလိုက်ပါ သမီး၏ အသံက သူ့အား လက်ရှိအချိန်သို့ သတိပြန်လည်လာစေပါသည်။

"မာမီ ရှာ ရှာ့ကို ချီ"

သမီးအပြောကို လွန်းပြုံးမိသည်။ သမီးက မိဘတွေကိုအရမ်းကပ်ပါသည်။

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Où les histoires vivent. Découvrez maintenant