အပိုင်း (၁၉)

3.8K 77 0
                                    

Unicode
~~~~~~

လင်းရှိန်ခန့် ယေက္ခမဖြစ်သူ၏ အမေးကို နားမလည်နိုင်စွာ မျက်မှောက်ကျုပ်မိသည်။

"ဟုတ်ပါတယ် အန်တီ ကျွန်တော့်မိဘတွေနဲ့ သိကြတာလား"

သူဖြေပြီးပြန်မေးလိုက်ပါသည်။ထိုအခါ ဒေါ်သူဇာသွေးက ဟက်ကနဲ ရယ်လိုက်ကာ

"သိတယ် သိတာပေါ့ မင်းမိဘတွေကြောင့် ငါ့အစ်မသေခဲ့ရတာလေ ငါမေ့လို့ဘယ်ဖြစ်မလဲ"

ဒေါ်သူဇာသွေး လင်းရှိန်ခန့်အား စူးစိုက်ကြည့်ကာ သူမ၏မြေးမလေးအား တစ်ချက်ကြည့်ကာ မြေးမလေးအားချီထားသော သမီးဖြစ်သူကိုကြည့်ကာ

"လွန်း မေမေလွန်းကို မြေးအဖေနဲ့မပတ်သက်ဖို့အတင်းတိုက်တွန်းမှာ မဟုတ်ဘူး ဒါပေမယ့် မေမေကတော့ သူတို့နဲ့မပတ်သက်ချင်ဘူး အဲ့တော့ လွန်းသူတို့ဆီမှာ ရှိနေသ၍ မေမေ့ဆီလာဖို့မစဥ်းစားနဲ့"

သမီးဖြစ်သူကို ပြောကာ ဆိုဖာပေါ်က လက်ကိုင်အိပ်အား ကောက်ယူလိုက်ကာ ဒေါ်သူဇာသွေးထွက်လာခဲ့လိုက်သည်။

"သူဇာ သူဇာ  ကိုယ့်ကိုစောင့်ဦး မြေးလေး ဖိုးဖိုးသွားတော့မယ် သမီး သား ဖေဖေပြန်တော့မယ် ပြီးမှရှင်းပြမယ်"

ဦးမင်းသူရိန် အမြန်ပင်နှုတ်ဆက်ကာ ဇနီးဖြစ်သူနောက်လိုက်သွားလေ၏။

အိမ်ထဲတွင်ကျန်ခဲ့သော လွန်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘာပြောရမယ်မှန်းမသိဖြစ်နေစဥ် လွန်းချီထားသော သမီးက အာခေါင်ခြစ်အော်ငိုနေတော့သည်။ ဘယ်အချိန်က နိုးနေမှန်းမသိသောသမီးက အခုနက မေမေဒေါသထွက်နေသောပုံကိုတွေ့သွားပြီမှန်းသိလိုက်ပါသည်။
ငိုလွန်းလို့ တွန့်ခါနေသော သမီး၏ကိုယ်အား လင်းရှိန့်ခန့်ချီလိုက်တော့ လူပြောင်းချီထားလို့ သမီးက အငိုတိတ်သွားပြီဖြစ်သည်။

"အန်ကယ့်ကို အကြောင်းအရင်းမေးလိုက်လွန်း ကိုယ်လည်း ဒယ်ဒီဆီPhoneဆက်မေးလိုက်မယ်"

သူမကိုပြောကာ သမီးအားချီထားလျက်နှင့် အပေါ်သို့တက်သွားလေ၏။
ကိုလင်းအပေါ်တက်သွားတော့ သူမလည်း ဖေဖေ့ကို Phoneလှမ်းဆက်လိုက်သည်။

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Donde viven las historias. Descúbrelo ahora